#Wisdom Houseရဲ့ လူငယ်စာဖတ်ပရိသတ်တွေတောင်းဆိုချက်အရ (လူငယ်နှင့်ပရော်ဖက်ရှင်နယ်)စာအုပ်ကိုဒုတိယအကြိမ်အဖြစ် စတင်ဖြန့်ဝေနေပါပြီ။

ဆင်ခြေမပေးပါနှင့်။ ကိုယ် တာဝန်ယူထားသည့် အလုပ်တစ်ခုသည် မပြီးခြင်း၊ မအောင်မြင်ခြင်းသည် ကိုယ် အသုံးမကျခြင်းသာ ဖြစ်သည်။ အခြားသူကို အပြစ်မလွှဲပါနှင့်။ ကိုယ်တိုင်က ရဲရဲကြီး တာဝန်ခံလိုက်ပါ။ ဘာကြောင့် မအောင်မြင်ရသနည်း၊ မပြီးရသနည်း ဆန်းစစ်လိုက်ပါ။ ပြုပြင်လိုက်ပါ။ ကိုယ့်အားနည်းချက်ကို မြင်လာလျှင် ထပ်မံ တာဝန်ယူလိုက်ပါ။လူသားတိုင်း အလုပ်နှင့် မကင်းနိုင်ပါ။ ကိုယ်ပိုင်အလုပ် လုပ်သည်ဖြစ်စေ၊ အခြားသူအလုပ် လုပ်သည်ဖြစ်စေ အလုပ်နှင့်ဆိုင်သည့် ကျင့်ဝတ်များ၊ စည်းကမ်းများ၊ သတ်မှတ် ပြဋ္ဌာန်းချက်များကို လိုက်နာကြရပါသည်။ ကိုယ်ကျင့်တရား သို့မဟုတ် ကျင့်ဝတ်ကို Ethics ဟု ဆိုပါသည်။ ကိုယ်ကျင့်တရား ဆိုသည်မှာ နေ့စဉ်လုပ်ကိုင် ဆောင်ရွက်မှုတိုင်းတွင် ပြုမူ ဆောင်ရွက်ရမည့်ကိစ္စများကို ဆုံးဖြတ် လုပ်ဆောင်ကြရ သည့် ဆုံးဖြတ်ချက်များလည်း ဖြစ်နေတတ်ပါသည်။ ကိုယ့်အလုပ် ကိုယ် လုပ်လည်း အလုပ်သမားစိတ်ထား ထားတတ်ရန် လိုပါသည်။ ‘ငါသာ ဆိုလျှင် သူ့နေရာတွင်’ ဆိုသည့် ဖြည့် တွေးတတ်သော စိတ်ထားမှာ လုပ်ငန်းအတွက် အထောက်အကူပြု နိုင်ပါလိမ့်မည်။ #တင်ညွန့် ( ခေါင်းဆောင်ကောင်းစိတ်ဓာတ်နှင့်ကျင့်ဝတ်မှ )

လူငယ်နှင့်ပရော်ဖက်ရှင်နယ် (ဒုတိယအကြိမ်) တန်ဖိုး – ၁၀၀၀၀ကျပ် စာမျက်နှာ – ၂၃၀၁၃*၂၀.၅ စင်တီ။ စက္ကူဖြူချေား| ဝူဖရီး ၆၀ ဂရမ်

Leave a Reply

Your email address will not be published. Required fields are marked *