ဤစာအုပ်တွင် ပုံမှန် တရားစီရင်ရေးလမ်းကြောင်းဖြင့် ပြည်သူပြည်သားများ၏ အခွင့်အရေး နစ်နာ ဆုံးရုံှးမှုများအားကုစားဖြေရှင်း မပေးနိုင်သည့်အခါ အခြားနည်းဖြင့် ဥပဒေနှင့်အညီ ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်သော စာချွန်တော်အကြောင်းကို ဦးတည် ရေးသားထားပါသည်။ စာချွန်တော် ဟူသည်မှာ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အကာအကွယ်ပေးသည့် တရားစီရင်ရေးပုံစံပင် ဖြစ်ပါသည်။ နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကို တစ်နည်းတစ်ဖုံအားဖြင့် ပုံသဏ္ဍာန် ဖော်ပေးသည့် တရားစီရင်ရေး စနစ်တစ်ရပ်လည်း ဖြစ်ပါသည်။

စာချွန်တော် ထုတ်ဆင့်ပေးခြင်းဖြင့် ပြည်သူများ၏ ဥပဒေအရ ခံစားထိုက်သော အခွင့်အရေးများ ရရှိခံစားစေခြင်းသည်နိုင်ငံ့အမြင့်ဆုံး တရားရုံးတစ်ရုံး၏ အာဏာထိန်းကျောင်းခြင်းစနစ် တစ်ရပ်လည်း ဖြစ်ပါသည်။ အင်္ဂလိပ်ရိုးရာ ဥပဒေစနစ်(common law system) ကျင့်သုံးသော အနောက်နိုင်ငံများတွင် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် စာချွန်တော်အမိန့်များ လျှောက်ထား ရယူခဲ့ကြသည့် အစဉ်အလာ ရှိခဲ့ပါသည်။

ပြည်ထောင်စု့ မြန်မာနိုင်ငံတွင်လည်း ၁၉၄ရ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်မှစ၍ ကျင့်သုံးခဲ့ဖူးပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ တက်လာသည့် အချိန်တွင်စာချွန်တော် ငါးမျိုးအနက် အမှုခေါ် စာချွန်တော်တစ်မျိုးသာလျှင် လျှောက်ထားခွင့် ရှိတော့ပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာသည့်အခါ စာချွန်တော် လျှောက်ထားသည်စနစ်မှာ လုံးဝ ကွယ်ပျောက်ခဲ့ပါသည်။

ယခု ၂၀၁၀ ပြည့်နှစ်တွင် အာဏာသက်ရောက်လာသည့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် စာချွန်တော် ငါးမျိုးကို ယခင် ၁၉၄ရ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အစဉ်အလာအတိုင်း လျှောက်ထားခွင့် ပြုလာသည့်အခါ ဤကျင့်သုံးမှုသည် နိုင်ငံ၏တရားစီရင်စနစ်နှင့် ကင်းကွာခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပါသည်။ စာချွန်လွှာ တစ်ရပ်စီ၏ သဘောသဘဝနှင့် ကျင့်သုံးနည်းလမ်းများမှာလည်း တရားစီရင်ရေးနယ်ပယ်တွင်အတန်ငယ် စိမ်းနေပြီးဟု ယူဆပါသည်။

သို့ဖြစ်၍ အခြေခံဥပဒေပါ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသည့် စာချွန်လွှာများအကြောင်းနှင့် ယင်း၏ပင်မ မဏ္ဍိုင်အဖြစ် ခြေကုပ်ယူရသော တရားဥပဒေ စိုးမိုးရေးအကြောင်းတို့ကို လက်လှမ်းမီသမျှ အယူအဆများဖြင့် ပြုစုရေးသားခြင်း ဖြစ်ပါကြောင်း ရှေးဦးစကား ဆိုအပ်ပါသည်။

တန်ဖိုး – ကျပ် ၈၀၀၀

🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။

စာအုပ်မှာယူလိုပါက

Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။

Official Website- https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc

By admin