တကယ်တော့ ပစ္စည်းပိုင်ရှင်တစ်ဦးဟာ ကိုယ်ပိုင်တဲ့ ပစ္စည်းကို ရောင်းချင်ပြီ ဆိုရင် ကိုယ် ရောင်းချင်တဲ့ ပစ္စည်းကို ဘယ်လိုပိုင်ဆိုင်တယ် ဆိုတာ တိတိကျကျ အဆက်အစပ် စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ နဲ့ ပြောနိုင်၊ ပြနိုင်ရပါမယ်။ အဲဒီပစ္စည်းကို ရောင်းပိုင်ခွင့်ရှိသူ တစ်ဦးဖြစ်ကြောင်း ဆက်စပ်စာချုပ်များနဲ့ ပြောနိုင်၊ ပြနိုင်ရပါမယ်။ (ပိုင်ဆိုင်ကြတဲ့ သူတိုင်းက ရောင်းပိုင်ခွင့် ရှိကြတာ မဟုတ်ပါဘူး) (အိမ်ပွဲစားနှင့် စာချုပ်နှစ်မျိုးမှ)
အပျောက်တိုက်ခန်း ရောင်းတယ် ဝယ်တယ်ဆိုတာက ဘာလဲလို့ မေးလာရင် စာစကားလေးနဲ့ပဲ ပြောရပါ့မယ်။ ” ထိုအပျောက်တိုက်ခန်း၏ နေထိုင်သုံးစွဲပိုင်ခွင့်အား ထပ်ဆင့် လွှဲပြောင်းပိုင်ခွင့်တို့ကို ရောင်းဝယ်ခြင်းသာဖြစ်ပါသည်။” ငှားတယ်ဆိုတာကလည်း ထိုအပျောက်တိုက်ခန်း၏ ” နေထိုင်သုံးစွဲပိုင်ခွင့် တစ်မျိုးတည်းကိုသာ ငှားရမ်းကြခြင်းဖြစ်ပါသည်” လို့ ဆိုရပါမယ်။ (ရောင်းသူတို့၏ တာဝန်နှင့်အခွင့်အရေးများမှ)