တည့်တည့်တွေးတတ်သူမှာ အရင်းအနှီးတော့ စိုက်ကြရသည်။ များစွာသောသူတို့သည် အမှန်အတိုင်း တွေးရမှာ၊ လက်ခံရမှာ ဝန်လေးတတ်သဖြင့် တည့်တည့်တွေးသူများက သူတို့၏ ချွတ်ယွင်းချက်ကို အမှန်အတိုင်း တွေးပြလိုက်သည့်အခါ မလိုလားဘဲဖြစ်သွား တတ်သည်။ တစ်ခါတစ်ရံ မုန်းသွားတတ်သည်။ သို့ရာတွင် အခြေ အနေတို့ကသာ ပြောင်းနေတတ်ပြီး အမှန်တရား၏ သဘာဝက ပြောင်းရိုး မရှိသဖြင့် ရေရှည်တွင်ကား မှန်မှန်တည့်တည့် တွေးသူ တို့၏ အတွေးအမြင်က မှန်နေတတ်လေသည်။ ( တည့်တည့်တွေးကြပါ မှ )

လွယ်တာတွေကို လုပ်ခြင်းသည် အောက်ကျခြင်းတစ်မျိုး ဖြစ်ပေရာ အထက်တန်းသို့ ရောက်လိုသူ မှန်သမျှ လွယ်တာကို မစဉ်းစားဘဲ ခက်တာကို ရွေးချယ် လုပ်ကိုင်သွားကြရပေမည်။ ခက်တာကို လုပ်ခြင်းသည် ပင်ပန်းသည်ဟု ယူဆရန် ရှိသော်လည်း ချောက်ထဲ ကျသွားသည့် ပင်ပန်းခြင်းမျိုးနှင့်စာလျှင် ပင်ပန်းထိုက်သည်သာ ဖြစ်ပေသည်။
( ခက်တာကိုလုပ်ပါ မှ )

အမိန့်နှင့်သာ အလေ့အကျင့် များလာသူများသည် အပြောဘက် တွင် အားနည်းကြသည်။ မိမိတို့စကားကို နားထောင်ရသူသည် အထက်ကို ဘာမျှ ပြန်ပြောခွင့် မရှိသော စစ်သားများချည်း ဆိုလျှင် ကား အရေးမကြီးလှ။ နားထောင်သူက ကြားရသော စကားကို ဟုတ်မဟုတ်၊ မှန်မမှန်၊ သင့်မသင့် ချင့်ချိန်စဉ်းစားပြီး စောဒက တက်တန် တက်၊ မေးခွန်း ပြန်ထုတ်တန် ထုတ်မည့်သူမျိုး ဖြစ်နေ လျှင် ပြောသူအဖို့ အရေးကြီးလာပေသည်။ ထိုအခါ အပြောသည် လိုအပ်သော ကျွမ်းကျင်မှုတစ်ခု ဖြစ်လာပေသည်။ ( အပြော မှ )

၁၉၆၂ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၉၅ ခုနှစ်က ဦးနေဝင်း မြင်သလို မမြင်သေးမိခြင်းကား ကျွန်တော်တို့ တစ်မျိုး သားလုံး ကံဆိုးကြလို့သာဟု ဖြေယူရမလို ရှိပါသည်။ ဦးနေဝင်း အသိနောက်ကျခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး အာရှတွင် နောက်ကျ ကျန်ရစ်ခဲ့ရလေသည်တကား။ ( ဆုံးဖြတ်ချက်ကို အလျင်စလို ချမှတ်လျှင် မှ )

တကယ်တော့ အမှားကို ဝန်ခံရဲခြင်းသည် ကောင်းသော အရည် အချင်းတစ်ခု ဖြစ်သည်။ ကိုယ့်အမှားကို ဝန်ခံခြင်းသည် ကိုယ်ပြု သည့် အမှု၏ ကောင်းကျိုးဆိုးပြစ်ကို ကိုယ့်ဘာသာကိုယ် ပြန်လည် တာဝန်ယူသည့်သဘော ဖြစ်ပေသည်။ တာဝန်ယူနိုင်မှုသည် လူ တစ်ဦးချင်း၏ ဘဝတွင်လည်းကောင်း၊ လူအများဖြင့် ဖွဲ့စည်းထား သော အဖွဲ့အစည်းများတွင်လည်းကောင်း အလွန် အရေးကြီး ပေသည်။ ( အမှားဝန်မခံခြင်း မှ )

ကိုယ်တွေ့ကြုံကြည့်ပြီးမှ အသိပညာ ရရှိသောနည်းကား အရင်း အနှီး ကြီးလှသောနည်း ဖြစ်ပါပေသည်။ တစ်ခါတစ်ရံ ထိုနည်းဖြင့် အသိမှန်ရလိုက်ချိန်တွင် အချိန်က များစွာ နှောင်းသွားတတ်ပေ သည်။ တကယ်တော့ မီးခဲကို ကိုယ်တိုင်ကိုင်ကြည့်မှ ပူမှန်း သိနိုင် သည် မဟုတ်ပါ။ ဆင်ခြင်တွေးဆကြည့်ရုံနှင့် အမှန်ကို သိအောင် ပြုနိုင်လျှင်ကား အကောင်းဆုံး ဖြစ်ပါပေသည်။ ( မီးခဲကို ကိုင်ကြည့်မှ ပူမှန်းသိမှာလား မှ )

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar