⏺ သင် အောင်မြင်မှု ရရှိဖို့ဆိုလျှင် သင် ဦးဆောင်နေရသည့်လူများ၏ စိတ်သဘောထားကို မျက်ကွယ်ပြု၍ မရနိုင်ပါ။

⏹ ဤစာအုပ်တွင် ခေါင်းဆောင်မှုပညာ ပါရဂှု ၊ Business Week နှင့် New York Times တို့တွင် ရောင်းအကောင်းဆုံး စာရေးဆရာ စာရင်းဝင် ဂျွန် မက်စ်ဝဲ က ခေါင်းဆောင်ကောင်းတို့် ထားရှိရမည့် စိတ်သဘောထားဆိုင်ရာ အရေးပါသော အချက်များကို ကိုယ်တွေ့ အတွေ့အကြုံများဖြင့် အပိုင်း သုံးပိုင်း၊ အခန်းပေါင်း ရှစ်ခန်းခွဲလျက် အလွယ်တကူ ဖတ်နိုင်၊ အလျင်အမြန် သိနိုင်စေသော နည်းဖြင့် မျှဝေ ရေးသား တင်ပြထားသည်။

⏺ စိတ်သဘောထားဟူသည် သင့်ကိုရော သင်ဦးဆောင်နေရသည့် သူများကိုပါ ထိပ်တန်းသို့လည်း ပို့ပေးနိုင်သည်၊ အောက်တန်းသို့လည်း ဆွဲချနိုင်သည်။

➡ လူတစ်ဦးချင်းစီ၏ သဘောထားသည် သူတို့ လုပ်ရပ်များအပေါ်တွင် သက်ရောက်မှုရှိကြောင်း သိဖို့လိုသည်။

➡ သင့်ကိုယ်သင်ကိုရော အခြားသူများကိုပါ ပြဿနာဖြစ်စေသော စိတ်ခံစားမှု၊ အပြုအမူနှင့် တွေးပုံတွေးနည်းတို့ကို ထောက်ဆ ဝေဖန်တတ်ဖို့ လိုသည်၊

➡ အသင်းအဖွဲ့စိတ်ဓာတ်ကို ထိခိုက်ပျက်ပြားစေသော စိတ်သဘောထားခံယူချက် ၆ မျိုးကို ပိုင်းခြားသိမြင်ဖို့ လိုသည်၊

➡ စိတ်သဘောထားဆိုးကို ပြုပြင်ပေးနိုင်မည့် လျှို့ဝှက်ချက်ကို ရှာဖွေဖို့လိုသည်၊

➡ ရှုံးနိမ့်မှုနှင့် အောင်မြင်မှုကို ရှုထောင့်သစ်မှ သုံးသပ်ပြီး မိမိ၏လုပ်ဆောင်ချက်ကို ပိုမိုထက်မြက်လာစေရန်မြှင့်တင်ဖို့ လိုသည်၊

➡ ခေါင်းဆောင်တစ်ယောက်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်သည့် စိတ်သဘောထားမျိုး မွေးဖို့လိုသည်။

⏺ ဤစာအုပ်သည် သင့်ကို ဖြစ်စေ၊ သင်၏ အစုအဖွဲ့ကိုဖြစ်စေ ထိပ်တန်းအဆင့် အောင်မြင်မှု ရလာစေမည့် စိတ်သဘောထားမှန် ထားရှိလာနိုင်အောင် နှိုးဆော်တိုက်တွန်းပေးပါလိမ့်မည်။

တန်ဖိုး – ၅၀၀၀ ကျပ်

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar