ကလေးငယ်များတွင် မကြာခဏ အဖြစ်များသော ရောဂါလက္ခဏာများကို မိဘများ အထူးဂရုပြု စောင့်ရှောက်ပေးနိုင်ရန်အတွက် အောက်ပါအတိုင်း ကဏ္ဍအသီးသီး ခွဲခြားပြုစု တင်ပြထားပါသည် –
- တွေ့ကြုံရများသောရောဂါ လက္ခဏာများထဲမှ အရေးတကြီး အလေးထားရမည့် ရောဂါလက္ခဏာများ၊
- တွေ့ကြုံရများသောရောဂါ လက္ခဏာများထဲမှ ဂရုပြုရမည့် ရောဂါလက္ခဏာများ
- တွေ့ကြုံရနည်းသောရောဂါလက္ခဏာများထဲမှ အရေးတကြီးအလေးထားရမည့် ရောဂါလက္ခဏာများ
- တွေ့ကြုံရနည်းသောရောဂါလက္ခဏာများထဲမှ ဂရုပြုသင့်သော ရောဂါလက္ခဏာများ ။
ဤစာအုပ်ပါ ကလေးဘဝ တွေ့ကြုံ ရနိုင်သည့် လက္ခဏာများ ကို အသက်အရွယ် အလိုက် ဖြစ်နိုင်သည့် ရောဂါ အကြောင်း ရင်းများ ကို ပြည့်စုံ နိုင်သရွေ ပြည့်စုံအောင် တက်နိုင်သလောက် ရေးသား တင်ဆက်ထား ပါ သည်။ မိဘများဖတ်ရှုပြီး ဗဟုသုတ ရကြကာ ရင်သွေးတို့ကို လိုအပ် သည့် ကာကွယ် စောင့်ရှောက် မှုများ ပေးနိုင်လျှင် စာရေးသူ၏ စေတနာ နှင့် ရည်ရွယ်ချက်များ ပြီးပြည့်စုံ ပါပြီဟု ဆိုရပါမည် ။