ဤစာအုပ်ပါ နည်းလမ်းများအတိုင်း သင် လုပ်ဆောင်ပြီးသွားလျှင် သင်သည်-

  • စိတ်အလုပ်လုပ်ပုံနှင့် အကျိုးရှိ ထိရောက်သော စဉ်းစားခြင်း အခြေခံမူများကို နားလည် သဘောပေါက်သွားမည်။
  • ဆုံးဖြတ်ချက် ချမှတ်ခြင်းအတွက် ရှင်းလင်း ပြတ်သားသော မူဘောင်တစ်ခု ရလာမည်။
  • ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ပြဿနာ ဖြေရှင်းခြင်းတို့အတွင်း ဆက်နွယ်မှုကို သိသွားလိမ့်မည်။
  • ဆုံးဖြတ်ချက် ချမှတ်ခြင်းအတွက်ရော ပြဿနာ ဖြေရှင်းခြင်းအတွက်ပါ တစ်ခုတည်းနှင့် ပြီးနိုင်သော ပုံစံကို သုံးတတ်လာမည်။
  • တီထွင်ကြံဆသော စဉ်းစားခြင်းစွမ်းရည်များ ထက်မြက်လာလိမ့်မည်။

ယခုဤစာအုပ်မှာလည်း ပြဿနာများကို ဆုံးဖြတ်ဖြေရှင်းခြင်း အလုပ်တွေနှင့် မကင်းကြသည့် စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ စီမံခန့်ခွဲရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ လက်တွေ့ စီမံခန့်ခွဲမှုလုပ်ငန်းများကို လုပ်နေသူများပင် မဟုတ်သော်လည်း တစ်နေ့သောအခါတွင် ထိုသို့သော ပြဿနာ ဖြေရှင်းဆုံးဖြတ်ရသည့် အလုပ်များနှင့် မလွဲမသွေ တွေ့ကြရဦးမည့် လူငယ်များနှင့် သုတရှာမှီးလိုသူများအတွက် အကျိုးဖြစ်ထွန်းနိုင်သည့် စာအုပ် ဖြစ်ပါသည်။

ဤစာအုပ်မှာ John Adair ရေးသားသော Decision Making and Problem Solving Strategies စာအုပ်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

တန်ဖိုး – ၅၀၀၀ ကျပ်

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar