လူတိုင်း သမိုင်းရေးခွင့်ရှိပါသည် ။ ကိုယ့်အတွေ့အကြုံကိုရေးခြင်းမှာ သမိုင်းဖြစ်သည် ။ သမိုင်းကိုဘယ်သူကရေးရမည်ဟု ပြဌာန်း ထားမှုမျိုးမရှိ ။ အတိတ် ၏ သမိုင်း( ရာဇဝင်) ကိုလည်း တူးတတ် ဖော်တတ် ၊ သုတေသနပြုတတ် ဆုံးဖြတ်တတ်လျှင် ရေးနိုင်သည် ။ လက်ရှိခေတ်၏သမိုင်းကျတော့ ကိုယ်တိုင်ကြုံနေရ မြင်နေကြားနေ တာဖြစ်၍ ရေးရတာပိုလွယ်သည် ။တချို့ကအမြင်မှားကြသည်။ မြင့်ရာက ရေးမှ သမိုင်းတဲ့။
မဟုတ်ပါ ။ လူထုကရေးသောသမိုင်းကမှ သမိုင်းအစစ်ဖြစ်ပါသည်။ လူတစ်ဦးချင်း၏ သမိုင်းမှတ်တမ်းကို ပေါင်းလိုက်လျှင် ခေတ်ရုပ်ပုံ ကားချပ်ကြီး ပေါ်လာလိမ့်မည်။
(သမိုင်း သို့မဟုတ် ခေတ်ရုပ်ပုံကား မှ)

ရသစာပေ ဘာသာပြန်ရာတွင် အလွန်တော်သူများသည် သံတမန်ကောင်းများ နှင့် တူသည်။ တစ်ဖက်နှင့်တစ်ဖက် ချစ်ကြည်မှု တည်ဆောက်ရေးကို ရည် ရွယ်ထားရင်းက အဖုအထစ်များ ပေါ်လာလျှင် နှစ်ဦးနှစ်ဖက် မျက်နှာမပျက်ရအောင် ကြားဝင်ပေးရသည်။
ဤလို ဘာသာပြန် ဖြစ်လာဖို့ လွယ်လွယ်နှင့် မရပါ။ မြန်မြန်လည်း မရပါ။ အချိန်ယူပြီး ‘စိမ့်’နေအောင် ဖတ်ကာ စိန်ကောင်းကျောက်ကောင်း အရောင်တင်သလို တစ်လုံးချင်း ယုယုယယ ရွေးချယ်ရပါသည်။ ဤလို ဘာသာပြန် တတ်မှသာ ဒီ အိပ်ချ် လော့ရင့် အစရှိသော မူရင်းစာရေးဆရာများလည်း မျက်နှာမပျက်၊ မြန်မာစာဖတ်ပရိသတ်တွင်လည်း ဆုံးရှုံးမှု မဖြစ်တော့ပေ။

ရသကို ဘာသာပြန်လျှင် မူရင်းစာရေးသူ၏ ခံစားမှုနှင့် ကြိုးစားမှုကို မူရင်းဘာသာမှ (မြန်မာဘာသာသို့) ပေါင်းကူးပေးနိုင်ရပါသည်။ သုတစာပေကို ဘာသာပြန်လျှင်ကား သတင်းနှင့် အချက်အလက် (information )ကို အဓိကထားရပါသည်။ နည်းပညာတို့၊ အသိပညာတို့ကို ဖြန့်ဝေ ပေးခြင်း ဖြစ်သောကြောင့် ယောင်ဝါးဝါးတွေ၊ စကားအလှတွေ၊ အလင်္ကာတွေ လုပ်နေလို့ မရ။ ရှင်းလင်း ပြတ်သားနေရမည်။ ဘာသာပြန်သူ ကိုယ်တိုင်က ရှင်းလင်း ပြတ်သားစွာ သိနေမှ ရှင်းလင်း ပြတ်သားစွာ ပြန်ရေးပြနိုင်ရန် အထောက်အကူ ဖြစ်မည်။ (ဘာသာပြန်အတတ်ပညာမှ)

Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
ဖုန်း: 09254148568
09955058533
09688688722

Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar