ဤစာအုပ်တွင် ပါရှိသော ဆောင်းပါးအများစုမှာ ကျွန်တော်၏ ဘဝအတွေ့အကြုံအပေါ် အခြေခံ၍ ရလာသော အတွေးအခေါ် ဆောင်းပါးများ ဖြစ်ကြပါသည်။ သို့ရာတွင် စာပေနှင့်ဆိုင်ရာ၊ လူပုဂ္ဂိုလ်နှင့်ဆိုင်ရာ ဆောင်းပါးများလည်း ပါဝင်ကြပါသည်။
( အမှာစာ မှ )

သူတစ်ပါးနေရာတွင် ကိုယ့်ကိုယ်ကိုယ်ထားကြည့်ပြီး စဉ်းစားနိုင်မှ မျှတသော အဖြေမျိုးရတတ်ပေသည်။ အထူးသဖြင့် အထက်ရောက်နေသူများသည် အောက်ကိုကြည့်ရာ၌ အပေါ်က စီးကြည့် ရသဖြင့် အောက်ကအရာသည် အမြဲသဖြင့် ပုံမှန် အရွယ်အစားအတိုင်း မဟုတ်ဘဲ သေးနေပေသည်။ သေးဖွဲလျှင် အလေးမထား တတ်သည့်သဘာဝအတိုင်း အထက်ကလူသည် အောက်ကလူ အပေါ် အလေးတယူ မဟုတ်ဘဲ ဆက်ဆံမိတတ်သည်။သို့ရာတွင် သဘောနှလုံးထားကြီးသူတို့သည် အသေးကိုလည်း အလေးထားတတ်ကြသည်။
( နှလုံးလှ မှ )

နှောင်းလူတို့က မေ့မရနိုင်ဘဲ ကြည်ညိုကြရ၊ လေးစားကြရ၊ စံ နမူနာယူကြရသည့် သူများသည် သူတို့ ကျော်စောမှုရသော နယ်ပယ် အသီးသီးတွင် သာမန်လူတို့ ပြုနည်း၊ ကျင့်နည်းအတိုင်း ပြုကျင့်နေထိုင်မသွားခဲ့၍သာ သို့နှယ် မေ့မရကြခြင်း ဖြစ်သည်။
( သာမန်ထဲက ဖောက်ထွက်ဖို့ မှ )

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar

Leave a Reply

Your email address will not be published. Required fields are marked *