နောင်တစ်ချိန် လူချွန်လူမွန်များ ဖြစ်လာကြမည့် သားသားမီးမီးတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာဖွံ့ဖြိုး စေရေးမှာ အလွန်ပင် အရေးပါလှသောကြောင့် အဆိုပါလိုအပ်ချက်ကို မိဘများ ဖြည့်ဆည်းပေးနိုင်ရန် ဤစာအုပ်တွင် အောက်ပါ အပိုင်း သုံးပိုင်းဖြင့် ခွဲခြား တင်ဆက်ထားပါသည်-
– သားသားမီးမီးတို့၏ သဘာဝ၊
– သားသားမီးမီးတို့ကို ပြုစုရေးတွင် မိဘတို့၏ အရေးပါသောကဏ္ဍ၊
– သားသားမီးမီးတို့ကို ပျိုးထောင်ရေးတွင် မိဘတို့၏ အရေးကြီးသောကဏ္ဍ။

မိဘတို့အနေဖြင့် ထိန်းချုပ်ကိုင်တွယ်ရ ခက်ခဲသော ကလေးများကို တွေ့ရမှာ ဖြစ်သလို အလွယ်တကူ နားထောင်လိုက်နာတတ်သည့် ဆုံးမရလွယ်သော ကလေးများကိုလည်း တွေ့ရမှာ ဖြစ်ပေသည်။ မိမိတို့ ရင်သွေးများ၏ ပင်ကိုသဘာဝစရိုက်များကို မှန်မှန်ကန်ကန် လေ့လာ၍ အလျှော့အတင်းနှင့် ထိန်းကျောင်းပြုစု စောင့်ရှောက်ပေး နိုင်ပါက သူတို့၏ ဘဝလေးများ ပိုမိုချောမွေ့ သာယာလာနိုင်မှာ ဖြစ်ပေသည်။
( မူလသဘာဝ မှ )

မိဘတို့အနေဖြင့် ကလေးငယ် ‘ဂျီ’ကျချင်စိတ် မပေါ်နိုင်ရန် တိတိကျကျ အကြောင်းပြ၍ ငြင်းဆန်နိုင်အား ရှိရပါမည်။ လူကြီး၏ မရေမရာ ဇဝေဇဝါ အခြေအနေကို ကလေး မရိပ်မိစေရန် လွန်စွာမှ အရေးကြီးပေသည်။ ထိုသို့ ထိန်းသိမ်းနိုင်လျှင် တအီအီနှင့် ဂျီသည့် ကလေး၏ စိတ်ကို လွယ်ကူစွာ ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပေသည်။
( တအီအီနှင့် ဂျီကျတတ်မှု မှ )

ကလေးငယ်တစ်ဦးသည် အရွယ်ပေါ် မူတည်၍ အချို့အကျင့်များ ပြောင်းလဲနိုင်သည်။ လက်ဦးဆရာ မိနှင့်ဘတို့က အရေးကြီးဆုံး ဖြစ်သည့်အတွက် ကလေးများရှေ့တွင် စံနမူနာကောင်းများ ပြသဖို့ လိုအပ်ပေသည်။ မိသားစုအတွင်း တစ်ဦးနှင့်တစ်ဦး ကြင်ကြင်နာနာနှင့် ဝေမျှ စားသောက် နေထိုင်ပုံကို ပြနိုင်လျှင် အရွယ်ရောက်လာသည်နှင့် ကလေးငယ်၌လည်း အလိုလို မျှဝေခံစားတတ်သည့် အသိ ဖြစ်ပေါ်လာမှာ အမှန်ပင် ဖြစ်တော့သည်။
( မျှဝေတတ်စေချင်ပါသည် မှ )

မိသားစုအတွင်း တစ်ဦးနှင့်တစ်ဦး ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ဆက်ဆံ ပြောဆိုတတ်ကြခြင်း၊ ကျေးဇူးထုတ်ဖော်၍ ကျေးဇူး တင်ခြင်းတို့သည် အရေးပါလှသည့် အချက်တို့ပင် ဖြစ်ကြသည်။ ကလေးငယ်အား သုံးလေးနှစ် အရွယ်မှစ၍ ယဉ်ကျေး လိမ္မာလာအောင် ပြုစုပျိုးထောင်ပါ မှ လူ့ယဉ်ကျေးလေးများအဖြစ် ကြီးပြင်း လာနိုင်လာပါလိမ့်မည်။
( အလိမ္မာလေးများဖြစ်စေလို မှ )

ကလေးငယ်အား စည်းနှင့်ကမ်းနှင့် ချစ်တတ်ဖို့ လွန်စွာ အရေးကြီးလှပေသည်။ သူတစ်ပါးအပေါ် အကောင်းမြင်အောင် ကြည့်တတ်၊ တွေးတတ်ဖို့ကို မိဘတို့က ရှေ့ဆောင်လမ်းပြ၍ နွေးနွေးထွေးထွေး သင်ကြား ပျိုးထောင်ပေးအပ်ပေသည်။ သင့်တင့်သည့် အခက်အခဲ ပြဿနာလေးများကို တိုက်ရိုက် ဖြေရှင်းပေးသည်ထက် ကလေးငယ် ကိုယ်တိုင် ဖြေရှင်းတတ်အောင် ဝိုင်းဝန်း ကူညီပေးသင့်ပေသည်။
( ပျော်ရွှင်ချမ်းမြေ့ဘဝ အစဉ်ရနိုင်ပါ့မလား မှ )

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar

Leave a Reply

Your email address will not be published. Required fields are marked *