ကိုယ့်အိတ် ဖောင်းဖို့ထက် တိုင်းပြည်နဲ့လူမျိုးအကျိုးက ပိုအရေးကြီးတယ်လို့ မြင်လာတဲ့ လူတော်လူကောင်းတွေရဲ့ ခေတ်မှာ အစိတ်သားဆိုတာမှိန်သွားမှာပါ။ ရာထူးက ထွက်စရာမလိုဘဲ လွှတ်တော်ထဲဝင်ထိုင်ပြီး တစ်ယောက်တည်းရဲ့ဆန္ဒကို ခေါင်းညိတ်ပြနေရတာ ရှက်စရာအလုပ်လို့ မြင်လာကြမှာပါ။

   #ရေးလိုက်ပြီဒေါင်းရေ့ (၈) မှ 

ကျွန်တော် အကုန် ထုတ်မရေးပါဘူး။ ရေးပြီး သိမ်းထားတာတွေ ရှိပေမဲ့ စာမျက်နှာတွေပေါ် ထုတ်ရေးပြနေတာက ရာခိုင်နှိုန်း ၂၀ တောင် မရှိပါဘူး။ မြန်မာ့နိုင်ငံရေးမှာက အုပ်စိုးသူရဲ့ ညစ်ကွက်တွေ သိလွန်းရင် အသက်တိုတက်ပါတယ်။ ကျွန်အသက်ရှည်ချင်လှလို့ မဟုတ်ပါ။ ရေးထိုက်တာတွေ ရေးနေရအောင်လို့ အသက်ရှင်နေမှ ဖြစ်မယ် ဆိုတဲ့မူအရ နေထိုင်သူမျှသာပါပဲ။

     #ရေးလိုက်ပြီဒေါင်းရေ့ (၁၁) မှ 

ကျွန်တော်တို့ဟာ ကိုယ့်တိုင်းပြည် ရှေ့ရေး၊ ကိုယ့်သားမြေးမြစ်တွေ ရှေ့ရေးအတွက် စဉ်းစားကြရမှာပါ။ အဲဒီလို စဉ်းစားပြီး (နေစရာ သိပ်မကျန်တော့တဲ့ ကျွန်တော်တို့လို လူမျိုးက) ပြောစရာရှိတာတွေ ပြောရတော့မှာပါ။ နားခါးရင်လည်း နေ။ ဒါပေမဲ့ တိုင်းပြည်ရှေ့ရေးအတွက် ပြောနေပြီလို့ သိရင် ကျေးဇူးတင်ပါတယ်။

  #ရေးလိုက်ပြီဒေါင်းရေ့ (၁၂) မှ 

တန်ဖိုး – ၂၅၀၀ ကျပ်

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar