ချစ်သူချင်း လမ်းခွဲတာ၊ ဇနီးမောင်နှံတွေ ကွာရှင်းပြတ်စဲတာ၊ ချစ်မြတ်နိုးရသူတွေ ဆုံးပါးသွားတာ စသည်ဖြင့် ဆုံးရှုံးမှု တစ်ခု ကြုံခဲ့ရသူတွေ ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးမှာ ငြိမ်းအေးမှု ရစေဖို့

ကျွန်ုပ်တို့ မျှော်လင့်တာက ဒီစာအုပ်မှာပါတဲ့ စာတွေကို ဖတ်ပြီးတဲ့နောက် စိတ်သက်သာရာရစေဖို့၊ ဖြေသိမ့်မှု ရစေဖို့်၊ ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးတစ်လျှောက်မှာ ငြိမ်းချမ်းမှုရစေဖို့ ရည်ရွယ်ပါတယ်။

ကျွမ်းကျင်သူရဲ့ အကူအညီ လိုအပ်နေတဲ့ ကိစ္စတွေမှာ စာအုပ်ကိုချည်း အားကိုးနေလို့တော့ မရပါဘူး။ကိုယ့်ရဲ့ခံစားကြေကွဲမှုတွေကို အချစ်တွေ အများကြီးနဲ့ ကုစားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ( စာရေးသူများ၏မှတ်စု မှ )

အဆိုးဝါးဆုံး လမ်းခွဲမှု၊ တစ်ဖက်စောင်းနင်း ကွာရှင်းပြတ်စဲမှု၊ လွမ်းစရာကောင်းတဲ့ သေကွဲ ကွဲမှုတွေ ဖြစ်တာ တောင်မှ အချိန်ကြာလာတာနဲ့အမျှ စိတ်ကို အောင်နိုင်လာပါလိမ့်မယ်။ နာကျင်တာ၊ ကြေကွဲတာတွေကို ငြင်းပယ်ဖို့၊ ဝေးရာကို ပြေးခွာဖို့ ဆိုလိုတာ မဟုတ်ဘူးနော်။ အဲဒီလို လုပ်မယ့်အစား ဒီအဖြစ်အပျက်ကို အတွေ့အကြုံတစ်ခုအဖြစ် လက်ခံလိုက်ပါ။ ရှေ့ဆက်ရမယ့် ခရီးမျါးအဟန့်အတားတစ်ခု မဖြစ်စေနဲ့။ (နိဒါန်း မှ)

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar

By admin