ကလေးငယ်များတွင် မကြာခဏ အဖြစ်များသောရောဂါများကို မိဘများ အထူးဂရုပြုစောင့်ရှောက် ပေးနိုင်ရန်အတွက် အောက်ပါအတိုင်း ကဏ္ဍအသီးသီး ခွဲခြား ပြုစုတင်ပြထားပါသည်-
. အသက်ရှုလမ်းကြောင်း အတွင်း ရောဂါများ၊
. အူလမ်းကြောင်းအတွက်ရောဂါများ၊
. အာဟာရ ဆိုင်ရာရောဂါများ၊
. ဆီးနှင့်ကျောက်ကပ်ရောဂါများ၊
. နား နှာခေါင်းလည်ချောင်းရောဂါများ၊
. မျိုးရိုးလိုက်ရောဂါများ၊
. ဗိုင်းရပ်စ် ရောဂါများ၊
. အရေပြားရောဂါများ၊
. သွေလွန်တုတ်ကွေး။
တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး မကောင်းလျှင် အူနှင့်အူလမ်းကြောင်းရောဂါ အတော်များများ ဖြစ်လာ နိုင်စရာ ရှိပေသည် ။ လူကြီးမိဘ (အထူးသဖြင့် မိခင်) ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးမကောင်းလျှင် မိမိ၏ ကလေးငယ်အတွက် ဝမ်းနှင့်ပတ်သတ်သည့် ရောဂါများကို ပင်တိုင်မျှဝေပေးရာ ရောက်နေ ပေလိမ့်မည် ။၎င်းတို့ကို အူနှင့် အူလမ်းကြောင်း ရောဂါကဏ္ဍတွင် ဖတ်ကြည့်လျှင် သိလာနိုင်ပေမည်။