ပြည်သူသိသင့်သိထိုက်သော သတင်းများကို လွတ်လပ်စွာ တင်ပြခွင့် ရလာကြပြီ ဆိုသည်မှာ မှန်ပါသည်။ သို့သော် စည်းမဲ့ကမ်းမဲ့ လွတ်လပ်ခွင့်ကိုကား မစစ်မဆေး ခွင့်ပြု၍ မရပါ။ တာဝန်သိပြီး ကျင့်ဝတ်နှင့်ညီသော၊ တည်ဆဲဥပဒေများနှင့် မငြိစွန်းသော ရေးသား တင်ဆက်မှု ဖြစ်ရပါလိမ့်မည်။ လွတ်လပ်ပြီ ဆိုပြီး မုန်းသူကို နာစေခြင်းမှာ သတင်းမီဒီယာသမားတို့ လုပ်သော အလုပ် မဟုတ်၊ ကျင်ဝတ်နှင့် မညီဟု သိထားကြရန် လိုပါသည်။ စတုတ္ထမဏ္ဍိုင်ဟု ဆိုသော သတင်းမီဒီယာသည် အစိုးရ( နိုင်ငံတော်)၏ ကျန်မဏ္ဍိုင် သုံးရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့မှ အယွင်းအစောင်းတို့ကို စောင့်ကြည့် အသိပေး ဝေဖန်ခြင်းဖြင့် တိုင်းပြည်ကို ကူညီရ၏။ (စာရေးသူ၏ အမှာစာ မှ)

အုပ်စိုးခြင်း နှစ်မျိုး ရှိ၏။ တရားမျှတစွာ သိက္ခာရှိရှိ အုပ်ချုပ်ခြင်းနှင့် ငါတကော ကော၍ သက်ဦးဆံပိုင် အုပ်ချုပ်ခြင်းတို့ ဖြစ်သည်။ နှစ်မျိုးစလုံးက ခရာတွယ်သူကို မလိုလားကြသော်လည်း တရားမျှတ အုပ်ချုပ်ရေးက ကိုယ့်အပြစ်ကို ပြင်၍ သိက္ခာထူထောင်သည်။ အာဏာရှင် အုပ်ချုပ်ရေးကတော့ ခရာတွတ်သူကို လောက်ကောင်ဟု သတ်မှတ်ပြီး အစွမ်းရှိ ၊ အခွင့်ရလျှင် တစ်နွယ်လုံး တစ်ဝိုင်းလုံးကိုပါ လက်စဖျောက်ရန် ကြိုးစားတတ်ကြသည်။ ကိုယ်ကိုယ်တိုင်က သူခိုးဖြစ်နေလျှင် သူခိုး သူခိုး ထအော်မည့် လူစားကို မလိုချင်ပါ။ (ပဉ္စမံတပ်သားလား မှ)

ရွှေဘုန်းတော် တိုးခြင်းသည် အာဏာရှင် အသိုင်းအဝိုင်း တစ်ခုတည်းနှင့်သာ သက်ဆိုင်သည်။ သူတို့ ရွှေဘုန်းတော် တိုးခြင်းသည် သတင်း ဖြစ်ချင် ဖြစ်မည်။ သို့သော် စတုတ္ထမဏ္ဍိုင်၏ တာဝန်ကို ကိုယ်စားပြုသော သတင်း မဟုတ်။ ထို့ကြောင့် သတင်းသမား စစ်စစ်အတွက် ထိုသတင်းမျိုးကို သတင်းဟုမခေါ်။ ကျောင်းဆောက် ၊ လမ်းဖောက် ၊ ဆည်ပြင် ဆိုသော လုပ်ငန်းသည် အစိုးရ၏ ပုံမှန်လုပ်ငန်း ဖြစ်သည်။ ထိုပုံမှန်လုပ်ငန်းကို မလုပ်ဘဲနေခြင်း၊ ပေါ့လျော့စွာ လုပ်ဆောင်ခြင်းတို့ ရှိလာမှသာ သတင်းဖြစ်သည်။ (သတင်းလွတ်လပ်ခွင့် မှ)

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar