ဤ စာအုပ်မှာ ရေတွက်၊ တိုင်းတာ၊ ခြင်တွယ်၊ ချိန်တွယ်၊ ရောင်းဝယ်နိုင်သော ကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းဝယ်ရေး စနစ်အမျိုးမျိုးဖြင့် ရောင်းဝယ်ခြင်း အမျိုးမျိုးအတွက် စာချုပ်ပေါင်း ရာကျော်ကို လက်တွေ့ထုတ်နုတ် ချုပ်ဆိုနိုင်မည် ဖြစ်ပြီး ပို့ကုန် သွင်းကုန် စာချုပ်တိုင်း ပါသင့် ပါထိုက်သည့် စည်းကမ်းသတ်မှတ်ချက်ပေါင်း ( terms and conditions) ၂၀ ကျော်ကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသားထားပါသည်။ လိုအပ်သည့်အခါ ကြိုက်ရာကိုရွေး၍ ကွက်လပ်ဖြည့်ပြီး အသင့်သုံးနိုင်ရန် စီစဉ်ရေးသားထားသည် ဖြစ်၍ ဤစာအုပ်ကို ` လက်တွေ့ အသင့်သုံး ပြည်ပ ပို့ကုန် သွင်းကုန် စာချုပ်များ ( The Complete Book of Ready- Use Practical Export, Import Contracts) ဟု အမည်ပေးခြင်း ဖြစ်ပါသည်။

ဤ စာအုပ်တွင် စာချုပ်တွင် ပါဝင်သည့် အစိတ်အပိုင်းများနှင့် စည်းကမ်းပိုဒ်များ၊ စည်းကမ်းပိုဒ်များ၏ အရေးပါမှု၊ ဆက်နွှယ်မှု၊ ဝေါဟာရများအတွက် ရှင်းလင်းချက်၊
အခြား ရောင်းဝယ်ရေး စည်းကမ်းဖြင့် ရောင်းဝယ်လျှင် အသုံးပြုနိုင်ရန် နည်းလမ်း၊
Proforma Invoice အပြင် စာချုပ်ချုပ်ဖို့ လိုသေးသလားနှင့် ရောင်းသူ ဝယ်သူတို့အကြား
တွေ့ကြုံနေရဆဲ ပြဿနာများ၊ ရောင်းသူနှင့် ဝယ်သူတို့အကြား မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရသည့် ပြဿနာ အချို့နှင့် ၄င်းတို့မှ ပေးသော သင်ခန်းစာများ၊ ရေကြောင်းမှ သမားရိုးကျ ကူးသန်းရောင်းဝယ်ခြင်းအတွက် စာချုပ်များ၊ နည်းလမ်းစုံ သယ်ယူပို့ဆောင် ရောင်းဝယ်ခြင်းအတွက် စာချုပ်များ စသည်ဖြင့် ပြည့်ပြည့်စုံစုံဖြစ်အောင် အားထုတ်တင်ဆက်ထားပါသည်။

By admin