ကလေးသူငယ်များတွင် မကြာခဏ အဖြစ်များသော ရောဂါလက္ခဏာများကို မိဘများ အထူးဂရုပြု စောင့်ရှောက်ပေးနိုင်ရန်အတွက် အောက်ပါအတိုင်း ကဏ္ဍအသီးသီး ခွဲခြားပြုစုတင်ပြထားပါသည်-
– တွေ့ကြုံရများသော ရောဂါလက္ခဏာများထဲမှ အရေးတကြီး အလေးထားရမည့် ရောဂါလက္ခဏာများ၊
– တွေ့ကြုံရများသော ရောဂါလက္ခဏာများထဲမှ ဂရုပြုရမည့် ရောဂါလက္ခဏာများ၊
– တွေ့ကြုံရနည်းသော ရောဂါလက္ခဏာများထဲမှ အရေးတကြီး အလေးထားရမည့် ရောဂါလက္ခဏာများ၊
– တွေ့ကြုံရနည်းသော ရောဂါလက္ခဏာများထဲမှ ဂရုပြုသင့်သော ရောဂါလက္ခဏာများ၊
မိဘတို့၏ ရင်သွေးငယ်များအပေါ် ထားရှိသည့် အနန္တမေတ္တာအရ မိမိတို့၏ ရင်သွေးအပေါ် ကျရောက်လာနိုင်မည့် ဘေးဟူသမျှကို ကာကွယ် တားဆီးလိုကြမည်မှာ အမှန်ပင် ဖြစ်ကြပေသည်။ ထို့ကြောင့် ရင်သွေးငယ်တို့ ရင်ဆိုင်တွေ့ကြုံရနိုင်တတ်သည့် ရောဂါများ ဖြစ်လာလျှင် မည်သို့လက္ခဏာ များ ဖြစ်ပေါ်နိုင်မည်၊ မည်သို့ပြုစုသင့်သည်၊ ထိုရောဂါတို့ မဖြစ်အောင် မည်သို့ ကာကွယ်စောင့်ရှောက်သင့်သည် ဟူသည့် အကြောင်းများကို မိဘများ နားလည်သဘောပေါက်နိုင်အောင် ရေးသားခဲ့ပြီးပေပြီ။ ယခု ဤ စာအုပ်တွင်မူ ရောဂါတစ်ခုချင်းစီ အနေမျိုးနှင့် မဟုတ်တော့ဘဲ ရောဂါလက္ခဏာကို ကြည့်၍ တွေ့လျှင် မည်သို့သော ရောဂါများ ဖြစ်နိုင်သည်ကို မိဘတို့ ဗဟုသုတ ရရှိစေချင်သည့် စေတနာဖြင့် စုဆောင်းတင်ပြထားပါသည်။
တွေ့ကြုံရ များသလောက် အရေးတကြီး အလေးထားအပ်သည့် ‘ရေခန်းခြောက်ခြင်း’ လက္ခဏာသည် မည်သို့မည်ပုံ လက္ခဏာ ဆောင်တတ်သည်ကို တင်ပြထားပြီး ထိုလက္ခဏာများ ပေါ်လာလျှင် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကိုလည်း နားလည်လွယ်အောင် ရှင်းပြထားပေသည်။ ရေခန်း ခြောက်ခြင်း လက္ခဏာ၏ ဆိုးကျိုးများကို သိနားလည်သွားမည့် မိဘတို့သည် ရေခန်းခြောက်ခြင်း လက္ခဏာကို အလေးမထား၊ အရေးမယူဘဲ နေဝံ့တော့ ပါမည်လားဟု ကျွန်မ တွေးထင်မိပါသည်။
ဝမ်းချုပ်ခြင်း လက္ခဏာသည် တွေ့ကြုံရများသော လက္ခဏာတစ်ခု ဖြစ်သည့်အားလျော်စွာ ဂရုပြုရမည့် လက္ခဏာ တစ်ခုလည်း ဖြစ်နေပြန်ပါသည်။ ဝမ်းချုပ်သည့် လက္ခဏာမှာ အရေးမပါလှဟု အပေါ်ယံ ထင်ထားရသော်လည်း ကလေးဘဝတွင် ဝမ်းချုပ်ခြင်း လက္ခဏာနှင့် ယှဉ်တွဲလျက် ဖြစ်နိုင်သော ရောဂါများ (ဥပမာ- မွေးရာပါ အူလမ်းကြောင်းနှင့်ဆိုင်သော ချို့ယွင်းချက်ရောဂါများ ရှိသလို မွေးစမှပင် သိုင်းရွိုက်အကျိတ်ဟော်မုန်း အထွက်နည်း ရောဂါမျိုး) လည်း ရှိကြပေသေးသည်။ ၎င်းရောဂါတို့ကို စောစောစီးစီး ကုသမှပင် ကျန်းမာသန်စွမ်း၍ လူစဉ်မီမည့် ကလေးငယ် တစ်ဦး ဖြစ်လာနိုင်မည်ကို မိဘများ သိစေချင်ပါသည်။
တွေ့ရ နည်းသော်လည်း အရေးတကြီး အလေးထားရမည့် ‘ဖော ရောင်ခြင်း’ လက္ခဏာသည် ရောဂါမျိုးစုံတို့ကြောင့် ဖြစ်နိုင်သဖြင့် ဤ ဆောင်းပါးကို ဖတ်ပြီးနောက် မိမိတို့ကလေးငယ်၌ ဖောရောင်နေရသည့် အကြောင်းရင်းကို ခန့်မှန်း၍ ရနိုင်လောက်ပေမည်။ ထိုအခါ ပြုလုပ်ဆောင် ရွက်သင့်သည်တို့ကို အချိန် မကြန့်ကြာစေဘဲ ဆောင်ရွက်နိုင်တော့မှာ ဖြစ် ပေသည်။
ကလေးဘဝ၌ မဖြစ်သလောက် နည်းသော်လည်း ဖြစ်ခဲ့လျှင် ဂရုစိုက်ရမည့် လက္ခဏာတစ်ခုသည် ‘သွေးအန်ခြင်း’ လက္ခဏာပင် ဖြစ်ပေသည်။ အသက်အရွယ်ကို လိုက်၍ ကလေးတို့ အန်ရာ၌ သွေးပါရသည့် အကြောင်းများကို မိဘများ ဗဟုသုတ ရကြပြီးနောက် မိမိတို့နှင့် ပတ်သက်သည့် ကလေးတို့၌ ၎င်း လက္ခဏာမျိုးတွေ့လျှင် အေးအေးဆေးဆေး မနေဘဲ သက်ဆိုင်ရာ သင့်တော်တတ်ကျွမ်းသည့် ဆရာဝန်နှင့် ပြသဖို့ လိုသည်ကို နားလည်လက်ခံ သဘောပေါက်ကြမည်ဟု ယူဆပါသည်။
( အမှာစာ မှ )
🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။
Official Facebook page – https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar
- WH သတင်းလွှာ
- Wisdom House စာအုပ်တိုက်ထုတ်စာအုပ်များစာရင်း
- ကလေး ကျန်းမာရေး
- စာအုပ် စာရင်းများ
- ဆရာ ကျော်ဇောနိုင် ၏ စာအုပ်များ
- ဆရာ တိုးအောင်မြင့်၏ စာအုပ်
- ဆရာ ဒေါက်တာချစ်စော၏ စာအုပ်
- ဆရာ ဒေါက်တာထွန်းရှင် ၏ စာအုပ်
- ဆရာ ဒေါက်တာမောင်မောင်၏ စာအုပ်
- ဆရာ ဒေါက်တာမောင်မောင်သိမ်း၏ စာအုပ်များ
- ဆရာ မင်းနန်(မော်ကျွန်း)၏ စာအုပ်များ
- ဆရာ မြတ်မျိုးလတ်၏ စာအုပ်
- ဆရာ ဦးဇော်မင်း(နတ်မောက်) ၏ ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်များ
- ဆရာ ဦးဗေဒင်၊ ဆရာ ဦးသန်းမောင်(စစ်တွေ) နှင့် ဦးမောင်မောင်(မော်ကျွန်း) တို့ စုပေါင်းရေးသားထားသည့် စာအုပ်
- ဆရာ ဦးမောင်မောင်(မော်ကျွန်း) ၏ ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်များ
- ဆရာ ဦးမောင်မောင်ညွန့် ၏ ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်များ
- ဆရာ ဦးသန်းမောင်(စစ်တွေ) ၏ စာအုပ်များ
- ဆရာ ဦးသန်းဝင်းရွှေ၏ စာအုပ်များ
- ဆရာ ဦးသာညွန့်၏ စာအုပ်
- ဆရာကြည်စိုး(IC) ၏ စာအုပ်
- ဆရာကြည်မင်း၏ စာအုပ်များ
- ဆရာကြည်ရွှန်း၏ စာအုပ်များ
- ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ၏ စာအုပ်
- ဆရာကြီး မြကေတု၏ စာအုပ်
- ဆရာကြီး ဦးစန်းမောင်၏ စာအုပ်
- ဆရာကြီး ဦးဘိုးသာ၏ စာအုပ်
- ဆရာကြီး ဦးအယ်လင်စိန်မောင်၏ စာအုပ်များ
- ဆရာဇော်ဂျီဆိုင်ရာ စာအုပ်များ
- ဆရာမ ခင်လှိုင်ကြူ၏ စာအုပ်များ
- ဆရာမ မင်နီရှဲလ်၏ စာအုပ်
- ဆရာမ မသန်းသန်း(မန်းတက္ကသိုလ်) ၏ စာအုပ်များ
- ဆရာမ ယုoတီကလောင်ရှင်မoင့်နိုင်၏ စာအုပ်
- ဆရာမကြည်ဇင်နှင်း၏ စာအုပ်
- ဆရာမကြီး နတ်မောက်အနီချို၏ စာအုပ်များ
- ဆရာမောင်တိုင်ပင်၏ စာအုပ်
- ဆရာမောင်ပေါ်ထွန်း၏ စာအုပ်
- ဆရာရီနေနိုင်၏ စာအုပ်
- ဆရာဝင်းထွဋ်ဇော် ၏ စာအုပ်
- ဆရာသက်ထွန်းဦး၏ စာအုပ်များ
- ဆရာသက်လုံ၏ စာအုပ်များ
- ဆရာအေးကျော်မင်း၏ စာအုပ်များ
- ဆရာဦးတင်ဦး(ကျူရှင်) ၏ စာအုပ်များ
- ဆရာဦးသာညွန့်၏ စာအုပ်
- ဆရာဦးသိန်းလွင်၏ စာအုပ်များ
- ဒေါက်တာခင်စန်းမော်၏ စာအုပ်များ
- ဒေါက်တာခင်မျိုးဟန်၏ စာအုပ်များ
- ဒေါက်တာအောင်မင်းသိမ်း၏ စာအုပ်
- ပထမအကြိမ်၊ သတ္တမအကြိမ်၊ အဌမအကြိမ် ထေရဝါဒ ဓမ္မပြိုင်ပွဲဆုရ စာအုပ်များ
- ပါမောက္ခဦးသန်းထွတ်(ငြိမ်း)၏ စာအုပ်များ
- မြေယာဥပဒေဆိုင်ရာ သိမှတ်ဖွယ်
- ဥပဒေပညာနှင့်ဆက်စပ် စီးပွားရေး ပညာရပ်ဆိုင်ရာ စာအုပ်များ
- ဦးမြင့်ဝင်း (ရွှေဘို ) ၏ ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်များ