အင်္ဂလိပ်ဘာသာဖြင့် ထိရောက်ကောင်းမွန်သော စီးပွားရေးလုပ်ငန်းသုံးပေးစာများ ရေးသားခြင်း (good and effective business letter writing) အတွက် လက်စွဲပြုရမည့်စာအုပ်

စီးပွားရေးလုပ်ငန်းသုံးပေးစာများ အခြေခံမူနှင့် သဘောတရားများ၊ ထိရောက်မှန်ကန်စွာ ရေးသားနည်း၊ ဆောင်ရန်ရှောင်ရန်များ၊ “စံ” ပြုရမည့် ပုံစံများ၊ စီးပွားရေးလုပ်ငန်းသုံး ပေးစာများကို ထိရောက် မှန်ကန်စွာ ရေးသားနည်းအခြေခံမူနှင့် သဘောတရားများ၊ ဆောင်ရန် ရှောင်ရန်များ၊ “စံ” ပုံစံများ ပြည့်စုံစွာ ပါဝင်သည်။

ဤစာအုပ်တွင် Business Letter Writing ဆိုင်ရာ အခြေခံသဘောတရားများ၊
စာရေးသားသူတို့ လိုက်နာရမည့် ကျင့်ဝတ်များ၊ နိုင်ငံတကာတန်းဝင် “စံ” စာပုံစံများ (standard letter formats)၊ ၎င်းတို့၏ စာအခင်းအကျင်း အထားအသိုများ ( Layout and placing)၊
နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ပို့ကုန် သွင်းကုန် လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ အာမခံ ထားရှိခြင်းဆိုင်ရာ ကိစ္စရပ်အလိုက် “စံ” ပုံစံများကို အသုံးပြု၍ စာများ ရေးသားခြင်း၊ ကတိကဝတ် မပါသော ကမ်းလှမ်းစာများ Iois ( Letter of intent, letter of interest)၊ ဌာနတွင်း ပေးစာများ ( memos, memorandums) ၊ ကြေငြာခြင်းနှင့် လူထုဆက်ဆံရေးဆိုင်ရာ စာများ (ad. and public relation) အလုပ်လျှောက်လွှာနှင့် ကိုယ်ရေးမှတ်တမ်းအကျဉ်း ရေးသားခြင်း ( application and c.v or re’sume) ၊ ဝယ်သူများနှင့် ဆက်ဆံခြင်း (customer relation)၊ ဖိတ်ကြားခြင်း ( invitation) စသည်ဖြင့် လက်တွေ့နည်းမှီ ရေးသားနိုင်သည့် စံပြနမူနာ စာပေါင်း ၁၈၄ စောင် ပါဝင်ပါသည်။

By admin