အချို့သော ရောဂါများသည် မည်သည့် ကာကွယ်မှုမျိုးမျှ လုပ်ပေး၍ မရနိုင်သဖြင့် ရင်သွေးငယ်တို့ ထိခိုက်ခံစားကြရသည်ကို တွေ့ရပါသော်လည်း အချို့မှာမူ မိဘတို့၏ ကျန်းမာရေးဗဟုသုတ နည်းပါးမှုကြောင့် ထိန်းသိမ်း ကာကွယ်နိုင်ပါလျှက်နှင့် ရင်သွေးတို့ ထိခိုက်ခံစားကြရသည်ကို တွေ့ကြရပေသည်။ ဤစာအုပ်၏ ဂရုပြုရမည့် “ကူးစက်ရောဂါများ”နှင့် မတော်တဆ အန္တရာယ်များကြောင်း” တို့ကို မိဘများ ဖတ်ရှုလေ့လာပြီးနောက် မိမိတို့၏ ရင်သွေးငယ်တို့အား ကြိုတင် ကာကွယ်နိုင်သလောက် ကာကွယ်စောင့်ရှောက်နိုင်ပါလျှင် စာရေးသူ၏ ရည်ရွယ်ချက်စေတနာ ပြည့်ပါပြီဟု ထင်မိပါသည်။ (စာရေးသူ၏ အမှာစာ မှ)

ကလေးငယ်များတွင် ဖြစ်တတ်သော ရောဂါများကို မိဘများအထူးဂရုပြုနိုင်ရန်အတွက် အောက်ပါ အတိုင်း ကဏ္ဍအသီးသီး ခွဲခြား ပြုစု တင်ပြထားပါသည်

  • အတွေ့ရများသော ရောဂါများ ၊
  • အတွေ့ရ နည်းသော်လည်း အလေးထားရမည့် ရောဂါများ၊
  • အလေးထားစရာ ကင်ဆာရောဂါများ ၊
  • ဂရုပြုရမည့် ကူးစက်ရောဂါများ၊
  • ဂရုပြုရမည့် မတော်တဆ တွေ့ ကြုံနိုင်သော ရောဂါများ ။

By admin