ဆရာဦးအောင်သင်းနှင့် ကျွန်တော် စတွေ့သည် ဆိုကတည်းကပင် တာဝန်အရ ရင်းရင်းနှီးနှီးပေါင်းသင်းခဲ့ရ၏။ စာကိုအကြောင်းပြု၍ ပိုပြီး ပူးပူးကပ်ကပ်ရှိခဲ့သည်။ ဖြစ်ချင်ပြန်တော့လည်း ထိုစာကိစ္စကြောင့်ပင် ဖုဖုထစ်ထစ် ဖြစ်ခဲ့ရ၏။ ပြီးတော့မှ ရှေးကထက်ပိုပြိး ချစ်ကြတယ်ဆိုတာမျိုးဖြင့် ရင်းရင်းနှီးနှီးပြန်ဖြစ်ခဲ့သည်။
( ဦးအောင်သင်းနှင့်ကျွန်တော် (၁) မှ )

ဦးအောင်သင်းကား စပရိန်လို လူစားမျိုး၊ နှိမ်လေ ရုန်းထလေ။ အသင်အပြ နာမည်ကြီးသူမို့ ကျူရှင်လောကမှာ နာမည်တစ်လုံးရလာသည်။ အပြင်စာတွေ ပိုဖတ်ဖြစ်လာပြီး စာရေးချိန်လည်း ရလာ၍ စာတွေရေးဖြစ်လာသည်။ အဓိကအချက်မှာ ဟောပြောပွဲတစ်ခေတ်ကို ထူထောင်လာနိုင်ခြင်းဖြစ်၏။ အာဝဇ္ဖန်းလည်း ကောင်း၊ အသံသြဇာ လည်း ကောင်းသူဖြစ်လေရာ ဟောပြောပွဲမင်းသားကြီး ဖြစ်လာပါတော့သည်။
( တောင်စွယ်နှင့် တိမ်စွယ် မှ )

ဆရာ မရှိတော့သော်လည်း ဆရာ့အတွေးစကားများက ကျွန်တော်တို့ရင်ထဲမှာ ရှင်သန်နေဆဲပင် ဖြစ်ပါသည်။ သည်အထဲမှာမှ ဆရာ၏ ‘နေရာ’ ဒဿနလေးကို အမြင်မှန်ရထိုက်သူများက နေရာတကျအသုံးချနိုင်ပါလျှင် ကျွန်တော်တို့အားလုံး ညင်သာအေးချမ်းသော အကူးအပြောင်းသို့ ငြိမ်းချမ်းသာယာစွာ လျှောက်လှမ်းနေကြ မည်ကို ဆရာပီတိပွား၍ ပြုံးပြုံးကြီးသာ ကြည့်နေစေချင်ပါတော့သည်။
( စီစဉ်သူ( ကြည်ရွှန်း)၏ ကျေးဇူးဂါရ၀ မှ )

Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
ဖုန်း : 09254148568
09955058533
09688688722

Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar