၂၀၁၅ ခုနှစ်​အတွက်​ အမျိုးသားစာ​ပေ (အသုံးချသိပ္ပံ) ဆုရ စာအုပ်​

ဤစာအုပ်​တွင်​အသက်​အရွယ်​အပိုင်းအခြားအလိုက်​ရင်​သွေးတို့၏ ရုပ်​ပိုင်းဆိုင်​ရာနှင့်​
စိတ်​ပိုင်းဆိုင်​ရာ ဖွံ့ဖြိုးမှုတို့အ​ပေါ် တည်​မှီ၍ ဖြစ်​ပေါ်နိုင်​သည့်​အမူအကျင့်​စရိုက်​များ ၊ ယင်းတို့မှ ဖြစ်​ပေါ်လာတတ်​သည့်​အကျိုးဆက်​များအ​ပေါ်တွင်​မိဘများ အ​နေဖြင့်​မည်​သို့မည်​ပုံ​ဖြေရှင်းသင့်​သည်​ကို –

  • အသက်​နှစ်​နှစ်​မှ သုံးနှစ်​ကျော်​အရွယ်​များ
  • အသက်​ခြောက်​နှစ်​ကျော်​အရွယ်​များ
  • ပျို​ဖော်​ဝင်​အရွယ်​များ

ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားပြီး ပြုစုပျိုး​ထောင်​ရေး လုပ်​ငန်းစဉ်​များ အ​ကြောင်းကို​ဆွေး​နွေးတင်​ပြထားပါသည်​။

က​လေးတစ်​ဦးအ​နေဖြင့်​ဘ​ဝ​ပေးအသိများကို သူ၏ က​လေးဘဝတစ်​လျှောက်​လုံးတွင်​
တဖြည်းဖြည်းနှင့်​သိနားလည်​အောင်​ကြိုးစားရင်း ဖွံ့ဖြိုးလာရ​ပေသည်​။ ထို့​ကြောင့်​မှန်​ကန်​သည့်​အ​တွေးအ​ခေါ် သူ့တွင်​ရှိ​နေ​အောင်​သူ့ပတ်​ဝန်းကျင်​လူကြီးမိဘများက လုပ်​ဆောင်​ပေးဖို့ လိုအပ်​ပေသည်​။ က​လေးအ​နေဖြင့်​သူ့အရွယ်​၏ အသိဉာဏ်​နှင့်​သူ မှန်းဆ၍ ရမ်းထင်​ချင်​သလို ထင်​လိုက်​သည့်​အ​တွေးအ​ခေါ်မျိုးနှင့်​သူ ကြီးပြင်းသွားရလျှင်​သူ၏ ဘဝ​ပေးအသိတို့သည်​လည်း မှန်​မှန်​ကန်​ကန်​မဟုတ်​တော့ဘဲ တစ်​မျိုးတစ်​ဖုံ ဖြစ်​သွားနိုင်​ပေ​တော့မည်​။ (က​လေးနှင့်​ဘဝ​ပေးအသိမှ)

By admin