ကမ္ဘာပေါ်ရှိ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် စံနှုန်းများရှိကြပြီး ဆက်လက်အသုံးပြုနေကြပါသည်။ သို့ရာတွင် နိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ကြရာတွင် နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း သိရှိလိုက်နာကြရမည့် ‘စံ’ ကို အသုံးပြုမှသာ အဆင်ပြေချောမွေ့မည်ဖြစ်ပါသည်။ မိမိတို့ ကိုယ်ပိုင် ‘စံ’ များကိုလည်းအစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်သကဲ့သို့ ‘နိုင်ငံတကာစံ’ ကိုလည်း တရားဝင် အသုံးပြုနိုင်ရန် လိုအပ်သည်။ ဒီစာအုပ်ကို ရေးသားရာတွင် ဦးစွာထားရှိသည့်ရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပ ရောင်းဝယ်ရေးနှင့် ဆက်စပ်နေသော လုပ်ငန်းရှင်များအတွက်သာမက ကျောင်းသူကျောင်းသားများနှင့် လေ့လာသူများကိုပါ အထောက်အကူ ပြုနိုင်ရန် ဖြစ်ပါသည်။

ဒီစာအုပ်တွင် –

  • ရေတွက်ခြင်း၊ ရေတွက်ပုံနှင့် ယူနစ်များ
  • မြန်မာနှင့်နိုင်ငံတကာသုံး အလေးချိန်ယူနစ်များ၊ စံနှုန်းများ၊ နှိုင်းယှဉ်ချက်များ၊ တွက်နည်းများ
  • မြန်မာနှင့်နိုင်ငံတကာသုံး အခြင်အတွယ်ယူနစ်များ၊ စံနှုန်းများ၊ နှိုင်းယှဉ်ချက်များ၊ တွက်နည်းများ
  • မြန်မာနှင့်နိုင်ငံတကာသုံး အလျားအတိုင်းအတာ ယူနစ်များ၊ စံနှုန်းများ၊ နှိုင်းယှဉ်ချက်များ၊ တွက်နည်းများ
  • မြန်မာနှင့်နိုင်ငံတကာသုံး ဧရိယာအတိုင်းအတာ ယူနစ်များ၊ စံနှုန်းများ၊ နှိုင်းယှဉ်ချက်များ၊ တွက်နည်းများ
  • မြန်မာနှင့်နိုင်ငံတကာသုံး ထုထည်အတိုင်းအတာ ယူနစ်များ၊ နှိုင်းယှဉ်ချက်များ၊ တွက်နည်းများ
  • အထွေထွေတွက်ချက်မှုများ
  • မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ၀ယ်ယူ၊ ကြိတ်ခွဲ၊ မွမ်းမံတင်ပို့ရောင်းချခဲ့သော စပါး၊ ဆန်၊ ဆန်ထွက်ပစ္စည်း၊ အခြားသီးနှံများ၊ ၎င်းတို့၏ စံနှုန်းများနှင့် အရည်အသွေး စံချိန်စံညွှန်းများ ဟူ၍ အလေးချိန်၊ အခြင်အတွယ်၊ အလျားအတိုင်းအတာ၊ ဧရိယာအတိုင်းအတာ၊ ထုထည်အတိုင်းအတာနှင့် အထွေထွေတွက်ချက်မှုများအပြင် စပါး၊ ဆန်နှင့် သီးနှံအမျိုးမျိုးတို့၏ တွက်ချက်ပုံများကိုပါ ပြည့်စုံစွာ ဖော်ပြထားပါသည်။

By admin