ကွန်ဒိုတိုက်ခန်းတစ်ခန်းကို ဝယ်တော့မယ်ဆိုရင် အဲဒီတိုက်ကြီးဟာ တစ်တိုက်လုံးကကော ကွန်ဒိုတိုက်ဖြစ်ရဲ့လား ဆိုတာကို လေ့လာရပါမယ်။ တစ်တိုက်လုံးက ကွန်ဒိုတိုက်ဖြစ်ပြီး ကွန်ဒိုမှတ်ပုံတင်ရှိမှသာ ကိုယ်ဝယ်မယ့်အခန်းကလည်း ကွန်ဒိုခန်းအစစ်ဖြစ်ပါမယ်။ (ကွန်ဒိုမှ)

တိုက်ခန်းတစ်ခန်းကို ရောင်းရင်/ဝယ်ရင် အချက်နှစ်ချက်ကိုပဲ အဓိကထားပါ။ နံပါတ်(၁)ကတော့ တိုက်ခန်းကိုဝယ်ရင် တိုက်ခန်း ရရမယ်ပေါ့။ နံပါ(၂)ကတော့ အဲဒီတိုက်ခန်းနဲ့ ပတ်သက်တဲ့ တိုက်တစ်တိုက်လုံး ဒါမှမဟုတ် အဲဒီတိုက် မြေရှင်ရဲ့လက်မှတ် ဒါမှမဟုတ် မြေရှင်သဘောတူညီပါတယ် ဆိုတဲ့ စာ၊ ဒါမှမဟုတ်ရင်လည်း တိုက်ခန်းအရောင်းအဝယ်မှာ လက်မှတ်ထိုးတဲ့နေရာမှာ တိုက်ပိုင်ရှင် (မြေပိုင်ရှင်) လက်မှတ်တစ်ခု ရရမယ်ပေါ့။ အားလုံးမှ နှစ်ခုတည်းပါ။

အပျောက်တိုက်ခန်းတွေပါဝင်တဲ့ တိုက်တစ်တိုက်လုံးဟာ အကြောင်းကြောင်းကြောင့် ပြန်ဆောက်မယ်၊ ပြန်ပြုပြင်မယ်၊ မီးလောင်သွားမယ်၊ လေပြင်းတိုက်မယ်၊ ရေကြီးသွား၊ တစ်တိုက်လုံး ပြိုပျက်သွားရင်လည်း၊ တစ်တိုက်လုံး ပျက်စီးသွားရင်လည်း အငှါးလို့ အပြောခံရတဲ့အပျောက်တိုက်ခန်း ပိုင်ရှင်တွေဟာ ဖယ်ပေးရစရာ အကြောင်းမရှိပါဘူး။ ကျောကော့ပြီး ဆင်းပြေးရစရာ အကြောင်းမရှိပါဘူး။ ငှါးမြဲငှါးပြီးတော့ နေမြဲ ပြန်ရပါမယ်လို့ ဥပေဒ ပုဒ်မ နှစ်ခုက အတိအလင်း ဆိုထားပါတယ်။ (အပျောက်တိုက်ခန်းများ မှ)

အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒိုပိုင်ရှင်များ၊ ဝယ်ယူရောင်းချ ငှါးရမ်းလိုသူများနှင့် အိမ်ခြံမြေ လောကသို့ တိုးဝင်လိုသူများအား ရည်ရွယ်၍ အိမ်ခြံမြေလောကတွင် နှစ်ပေါင်း ၃၀ ခန့် တွေ့ကြုံ မှတ်သားလာခဲ့သည့် အိမ်ဘုရင်က ဤစာအုပ်တွင် သိထားသင့်သော အိမ်ခြံမြေရေးရာ အဖြာဖြာနှင့် အကျိုးဆောင်တို့အမေး၊ အိမ်ဘုရင်ရဲ့အဖြေ ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြား တင်ဆက်ထားပါသည်။

By admin