နောင်တစ်ချိန် လူချွန် လူမွန်များ ဖြစ်လာကြမည့် သားသားမီးမီးတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာဖွံဖြိုး စေရေး မှာ အလွန်ပင် အရေးပါလှသောကြောင့် အဆိုပါ လိုအပ်ချက်ကို မိဘများ ဖြည့်ဆည်းပေးနိုင်ရန် ဤ စာအုပ်တွင် အောက်ပါ အပိုင်း သုံးပိုင်းဖြင့် ခွဲခြား တင်ဆက်ထားပါသည် –
. သားသားမီးမီးတို့၏ သဘာဝ ၊
. သားသားမီးမီးတို့ကို ပြုစုရေးတွင် မိဘတို့ ၏ အရေးပါသော ကဏ္ဍ၊
. သားသားမီးမီးတို့ကို ပျိုးထောင်ရေး တွင် မိဘတို့၏ အရေးကြီးသော ကဏ္ဍ ။
မိဘတို့အနေဖြင့် ထိန်းချုပ်ကိုင်တွယ်ရခက်ခဲသော ကလေးများကို တွေ့ရမှာဖြစ်သလို အလွယ်တကူ နားထောင် လိုက်နာတတ်သည့် ဆုံးမရလွယ်သော ကလေးများကိုလည်း တွေ့ရမှာဖြစ်ပေသည်။ မိမိတို့ရင်သွေးများ၏ ပင်ကိုသဘာဝစရိုက်များကို မှန်မှန်ကန်ကန် လေ့လာ၍ အလျှော့အတင်းနှင့် ထိန်းကျောင်းပြုစုစောင့်ရှောက်ပေးနိုင်ပါက သူတို့၏ ဘဝလေးများပိုမို ချောမွေ့ သာယာလာနိုင်မှာဖြစ်ပေသည်။ (မူလသဘာဝ မှ)