ဤမျှတိုသော ဘဝတွင် လုပ်ချင်တာလေးမှ လုပ်မသွားခဲ့ရလျှင်လည်း လူသားသည် လူသားမဟုတ်ဘဲ စက်ရုပ်ဖြစ်သွားပါလိမ့်မည် ။ လုပ်ချင်တာတွေချည်း လျှောက်လုပ်နေပြန်လျှက်လည်း လုပ်သင့်တာတွေ မလုပ်ဖြစ်၍ လူသားဘဝ တာဝန်မကျေပွန်သူ ဖြစ်လာလိမ့်မည် ။ လုပ်ချင်တာနှင့် လုပ်သင့်တာကို ချိန်ခွင်လျှာ ညီအောင်ညှိတတ်ကြမှသာ နေပျော်သော ဘဝတစ်ခု ဖြစ်လာလိမ့်မည်။ (ရေးချင်နေသောစာ မှ)

တကယ်ဖြစ်ချင်လို့ တကယ်လုပ်တိုင်း မအောင်မြင်နိုင်ပါ ။ လုပ်ပုံမဟုတ်လျှင် ငါးပါးမက သံဃာစင်ပါ မှောက်သွားနိုင်ပါသည် ။ လုပ်နည်းလုပ်ဟန် မှန်နေမှသာ အကျိုးအစစ်ကို ရပါမည် ။ တကယ်လုပ် ဆိုသည်ကို နည်းမှန်လမ်းမှန် တကယ်ရှာပြီး တကယ်အားကြိုးမာန်တက်လုပ် ဆိုတာမျိုး အဓိပ္ပာယ်ဖွင့်နိုင်သူ အတွက်တော့ အကျိုးရှိမည်ဖြစ်ပါသည်။ (ဖြည့်ဆည်းခြင်း မှ)

လုပ်ချင်တာဆိုသော ဆန္ဒပိုင်းက လူသားကောင်းကျိုးကိုမျှော်သော ၊ အနည်းဆုံး ၊ အနိမ့်ဆုံးအဖြစ် ပြောရလျှင် လူသားအကျိုးကို မဖျက်ဆီးသော ဝါသနာမျိုး ၊ လုပ်ငန်းမျိုး ၊ မိမိနှင့် မိမိ၏ ပတ်ဝန်းကျင်ကို ဒုက္ခ မပေးမည့် လုပ်ရပ်မျိုးဖြစ်လျှင် လုပ်သင့်တာတွေနှင့် ယှဉ်တွဲလုပ်လို့ ရပါသည်။ (လုပ်ချင်တာ ၊ လုပ်သင့်တာ မှ)

လုပ်ချင်/လုပ်သင့် စကားနှင့်ပြောရလျှင် တိုက်စစ်သမား ဆိုသည်မှာ လုပ်ချင်တာ ဦးစားပေးသူမျိုး ဖြစ်၏ ။ ကိုယ်ဖြစ်စေချင်သော ပုံစံကို ဝင်လာအောင် ဦးဆောင် လှုပ်ရှားသွားသူမျိုး ဖြစ်၏ ။သခင်စိတ်ရှိသူမျိုးဟုလည်း ပြောနိုင်သည် ။ ကိုယ့်ဘဝကို သခင်တစ်ယောက်လို ခန့်ခွဲသွားသူမျိုးဖြစ်သည်။ ခံစစ်သမား ဆိုသည်ကား လာသမျှ တိုက်စစ်ကို တွန်းလှန်သူ ဖြစ်သည် ။ တိုက်စစ်ဆင်လာသမျှကို တစ်ဖက် ပြန်ရောက်အောင် တွန်းလှန်မည် ။ သူ့မှာ နယ်မြေသိမ်းပိုက်ဖို့ ရည်ရွယ်ချက်ထက် ရပြီးသား နယ်မြေကို မပျောက်ပျက်ဖို့ ရည်ရွယ်ချက်သာရှိသည်။ (ပင်ပေါင် မှ)

အချိန် ဆိုသည်မှာ ကိုယ့်ရှေ့ ကျလာသော ရွှေဒဂ်ါး တစ်ပြားနှင့် တူ၏။ ကိုယ့်လက်ဝါးထဲ ရောက်လာသော ရွှေဒဂ်ါးတစ်ပြားနှင့် တူ၏ ။ လွင့်ပစ်မလား ၊ အိတ်ထဲထည့်မလား ဆိုတာ ကိုယ့်အပေါ် တည်သည် ။ ကိုယ့်သဘောပင်ဖြစ်၏ ။ သို့သော် လူအများစုကြီးမှာ ကိုယ့်လက်ထဲရွှေဒဂ်ါးရောက်နေတာကို သိပင် မသိကြသူတွေ ဖြစ်နေတတ်ကြသည်။ (အချိန်ကို စီမံခန့်ခွဲခြင်း မှ)

တန်ဖိုး – ၆၀၀၀ ကျပ်

Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
ဖုန်း : 09254148568
09955058533
09688688722

Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar