ခေါင်းဆောင်မှု ဆိုသည်မှာ ခုရေတွင်းတူး၊ ခု ရေကြည်သောက် လုပ်ယူ၍ ရသည်မျိုး မဟုတ်ပါ။ အချိန်ယူရပါသည်။ စိတ်ရှည်သည်းခံနိုင်ဖို့ လိုပါသည်။ နေ့စဥ်နေ့တိုင်း ရှေ့တစ်လှမ်း တိုးတိုးသွားရန်ရည်မှန်းထားရပါမည်။ ဤစာအုပ်ကို ဖတ်ပြီးနောက် မနက်ဖြန် ရောက်လျှင် တစ်မျိုး လုပ်ကြည့်ပါ။ သင် လှမ်းလိုက်သည့် ခြေလှမ်းသည် အဘယ်မျှပင် သေးငယ်သော ခြေလှမ်း ဖြစ်ပါစေ၊ သင်သည် သင်၏ လမ်းပေါ်မှာ ရောက်နေမည် ဖြစ်သည်။ ဤစာအုပ်ကို အားလပ်သည့် အချိန်တိုင်းမှာ ပြန်ပြန် ဖတ်ကြည့်ပါ။ ဤစာအုပ်က သင့်ကို ရှေ့သို့ တိုးသွားအောင် ပြုပေးသွားပါလိမ့်မည်။ ( ခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ယူနည်း မှ)

ယနေ့အခြေအနေတွင် အစိုးရ၏ ပုံစံက ပြောင်းသွား၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထင်သာမြင်သာရှိ အောင် ကမ္ဘာကို လုပ်ပြနိုင်သည်နှင့်အမျှ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံလာကြမှာ အမှန်ဖြစ်သည်။ မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များလည်း နိုင်ငံခြားကုမ္ပဏီကြီးများနှင့် ယှဉ် ပြိုင် လုပ်ကိုင်သွားရပေလိမ့်မည်။ စျေးကွက်စီးပွားရေးစနစ် ၏ မောင်းနှင်အားမှာ ယှဉ်ပြိုင်နိုင်မှု ဖြစ်ပေရာ စီးပွားစီမံ အုပ်ချုပ်မှုပညာနှင့် ခေါင်းဆောင်မှုပညာတို့သည် မုချ မတတ်မဖြစ်၊ မသိမဖြစ် အရေးကြီးလာလိမ့်မည်။ ( ဘာသာပြန်သူ၏ အမှာစကား မှ )

အသင့် ပြင်ထားနိုင်လေလေ ယုံကြည်ချက် ပိုရှိလာလေလေ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးပင် ဖြစ်စေ၊ ခေါင်းဆောင်ကောင်းတစ်ဦးပင် ဖြစ်စေ အတွင်းစိတ်ထဲမှာ ယုံ ကြည်မှု တကယ်ရှိမနေသေးဘူး ဆိုတောင်မှလည်း ယုံကြည်မှုရှိနေပုံ ပေါက်နေရမည်ကို သတိရပါ။ လူတွေသည် သင်၏ မျက်နှာတွင် ပေါ်နေသည့် လက္ခဏာအတိုင်း အကဲဖြတ်တတ်သောသဘော ရှိသောကြောင့် ဖြစ်ပါသည်။ ( ခေါင်းဆောင်တစ်ယောက်ဖြစ်လာအောင်
ပျိုးထောင်ယူနည်း
မှ )

ယနေ့ကာလ၌ အဖွဲ့အစည်းများ ကျူးလွန်နေကြသော မှားလေ့မှားထ အရှိဆုံးနှင့် ငွေကုန်ကြေးကျလည်း အများဆုံး အမှားမှာ ထိပ်ပိုင်း မန်နေဂျာများ၏ ခေါင်းဆောင်မှု တိုးတက်ရေးကိုသာ ဇောင်းပေးနေတတ်ခြင်း ဖြစ်သည်။ သို့ဖြင့် ထိုနည်းမှာ ၎င်းတို့ ကုမ္ပဏီတစ်ခုလုံး၏ ‘မဟာဗျူဟာ’ ဖြစ်လာသည်။ ထိုသို့ ထိပ်ပိုင်းမှ မန်နေဂျာများ အတွက်လောက်သာ အာရုံစိုက်နေသဖြင့် ၎င်းတို့သည် အစုအဖွဲ့ ခေါင်းဆောင်များကို လုံးဝလျစ်လျူရှုထားသလို ဖြစ်သွားတော့သည်။ ( အဖွဲ့အစည်းအတွင်းတွင် ခေါင်းဆောင်များကို
မွေးထုတ်ပုံ
မှ )

တန်ဖိုး – ၅၀၀၀ ကျပ်

🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar

Leave a Reply

Your email address will not be published. Required fields are marked *