ကလေးအထူးကုဆရာဝန်အဖြစ် စာရေးသူ၏ နှစ်ပေါင်းသုံးဆယ်ကျော် အတွေ့ အကြုံများအပေါ် အခြေခံ၍ ကလေးငယ်များ ကျန်းမာရေး နှင့် သန်စွမ်းရေးတို့အတွက် အောက်ပါအတိုင်း ကဏ္ဍအသီးသီး ခွဲခြားပြုစုတင်ပြထားပါသည်။

  • ရင်သွေးကျန်းမာရေးသိသင့်သိထိုက်သောအခြေခံအချက်များ ၊
  • အာာရ ကျွေးခြင်း ၊
  • အဖျားနှင့် နေမကောင်းခြင်း၊
  • အရွယ်ရောက်ခြင်းကိစ္စ၊
  • သဘာဝဓာတ်ဖောက်ပြန်မှုများ ၊
  • အထူးပြုစုစောင့်ရှောက်ရမည့် ကလေးများ ။

ဤစာအုပ်တွင်ပါရှိသော ကလေးကျန်းမာရေး ပညာပေးဆောင်းပါးများသည် လုံမလေးမဂ္ဂဇင်းတွင် ၁၉၉၃ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်အထိ ပါခဲ့ပြီးသော ဆောင်းပါးအချို့ဖြစ်ပါသည်။ ၎င်းဆောင်းပါးတို့ကို သီးသန့်ကဏ္ဍများခွဲ
ခြား၍ ထားသဖြင့် မိဘများဖတ်လိုရာ အကြောင်းအရာကို အလွယ်တကူ ရှာဖွေ ဖတ်ရှု နိုင်ကြာလိမ့် မည်။

​ဆောင်းပါးများမှာမိဘပြည်သူတို့သိသင့်သိထိုက်သည့် ကလေးကျန်းမာရေး နှင့်ပတ်သတ်သည့် အချက်အလက်များကို ဦးစားပေး၍ အများနားလည်လွယ်စေရန် ကြိုးစား၍ ရေးသားထားခြင်းဖြစ်ပါသည် ။

By admin