အခုစာအုပ်မှာ ဖော်ပြထားတဲ့ အကြံဉာဏ်တွေ၊ နည်းလမ်းတွေကို အသုံးချကြည့်လိုက်ရင် မိတ်ဆွေ တစ်နေ့ကို နှစ်နာရီလောက် ပိုပြီးအလုပ်တွင်ကျယ်လာနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အလုပ်တွေ နှစ်ဆလောက် ပြီးမြောက်လာနိုင်ပါတယ်။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက အောင်မြင်မှု ရရှိစေကြောင်းကို နယ်ပယ်ပေါင်းစုံက ထောင်ပေါင်းများစွာသော အမှုဆောင်အရာရှိတွေက သက်သေပြခဲ့ပြီးပါပြီ။
နိဒါန်း မှ
ကိုယ်က ဘောစ့် ဖြစ်ပြီ ဆိုတာနဲ့ လူတိုင်းက ကိုယ် ပြောတာကို နားထောင်ရမယ်လို့
လုပ်ချင်ကြတယ်။ အချိန်ကြာရင် လူတွေဟာ ဘာမှ မပြောတော့ဘဲ နေတတ်လာကြပါတယ်။ ကိုယ့်ဘက်က ကြားဖြတ် တင်ပြစရာ ရှိပါလျက် နေတတ်လာကြပါတယ်။ ကိုယ်က ဘယ်အကြောင်းကိုပဲ ပြောနေပြောနေ သူတို့က ပြောသာပြော၊ ကြည့်နေလိုက်ကြမယ်လို့ ဖြစ်လာကြပါတော့တယ်။
အကျိုးရှိတဲ့ အစည်းအဝေးတွေကို ကျင်းပပါ မှ
လုပ်ငန်းထဲမှာ မအောင်မြင်တဲ့ သူတွေ၊ ဖြစ်မြောက်သင့်သလောက် မဖြစ်မြောက်သူတွေ အများစုဟာ သူတို့ရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေကို အချိန်အကြာကြီး မမြှင့်တင်ဘဲ ပစ်ထားခဲ့ကြ သူတွေပါပဲ။ အဲဒီလူတွေရဲ့ နေရာမှာ တာဝန်လည်း ယူချင်၊ အကျိုးခံစားခွင့်လည်း ရချင်လို့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ အင်တိုက်အားတိုက် ကြိုးစားသူတွေက ဖြတ်ကျော် ရယူသွားကြတာပါပဲ။
လမ်းကြောင်း မပျောက်ပါစေနဲ့ မှ
စီမံခန့်ခွဲမှု ပါရဂူ ပီတာဒရပ်ကာကလည်း ထိရောက် ထက်မြတ်တဲ့ အမှုဆောင်အရာရှိတွေဟာ အမြဲတမ်း ရှင်းလင်းနေတဲ့ စားပွဲကို ပိုင်ဆိုင်တယ်လို့ သူ လေ့လာတွေ့ ရှိခဲ့ကြောင်း ဆိုပါတယ်။ သူတို့ လောလောဆယ် လုပ်နေတဲ့ ကိစ္စကလွဲရင် ကျန်တာတွေ အားလုံးကို ပြီးတာနဲ့ ပြန်ယူသွားခိုင်းပါတယ်။ ဒါကြောင့်မို့ အချိန်တိုအတွင်းမှာ စိတ်ကြည်ကြည်လင်လင် ထားပြီး အာရုံစူးစိုက်မှု အပြည့်နဲ့ အလုပ်တွေကို အရည်အသွေးကောင်းကောင်း လုပ်နိုင်ကြပါတယ်။
အလုပ်လုပ်မယ့်နေရာကို စီစဉ်တကျ ထားရှိပါ မှ
တစ်ခါတလေကျရင် အင်မတန် ဆက်သွယ်ရခက်တဲ့ လူတစ်ယောက်နဲ့ ရှားရှားပါးပါး ဖုန်းပြောခွင့် ရနေတုန်းမှာ ကိုယ်က ပြောမယ့်အကြောင်းအရာတွေကို စာနဲ့ ချရေးမထားမိတော့ အရေးကြီးတဲ့ အချက်တွေ မပြောမိဘဲ ကျန်ရစ်ခဲ့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ မိမိ ပြောချင်တဲ့ အချက်တွေကို ကြိုတင်ပြီး ရေးမှတ်ထားသင့်ပါတယ်။
တယ်လီဖုန်းကို စီမံခန့်ခွဲတတ်ပါစေ မှ