အောင်မြင်မှု ဥပဒေသတွင် ဂျက် ကင်းန်ဖီးလ်သည် အောင်မြင်မှုနှင့် အလုံးစုံ ပြီးမြောက်မှုအတွက် လိုအပ်သော သိပ္ပံနည်းကျ ယုတ္တိဗေဒ လေ့လာနည်းနှင့် ရလဒ်အခြေပြု ဥပဒေသများကို ဖော်ထုတ်ထား သည်။ မိတ်ဆွေအနေဖြင့် အရောင်းမြှင့် တင်လိုလျှင်ဖြစ်စေ၊ တီထွင်ဖန်တီးမှုနယ်ပယ် ချဲ့ထွင်လိုလျှင် ဖြစ်စေ၊ အလုပ်နှင့် ဘဝ ကို ပို၍ ညီမျှလိုလျှင်ဖြစ်စေ ဤစာအုပ်က သင့်ကို အမြင့်မားဆုံး အောင်မြင်မှု ရရှိ စေမည့် နည်းလမ်းများကို ပြပေးပေလိမ့်မည်။ Peter Vidmar (အိုလံပစ်ကျွမ်းဘား ရွှေတံဆိပ်နှစ်ဆုရှင်၊အမေရိကန် အိုလံပစ် ဂုဏ်ထူးဆောင်အဖွဲ့ဝင်)မိမိလိုချင်သော မည့်သည့်အရာကိုမဆို ရရှိရေး အကောင်းဆုံးစနစ်ကို ဖော်ထုတ် သော ဤစာအုပ်မှာ လက်က မချချင်လောက်အောင်ပင် ဖတ်ကောင်းလှသည်။ သင့်ဘဝ တက်လမ်းသို့ ခေါ်ဆောင်သွားမည့် စီးတော်ယာဉ်ပေါ်တက်ရန် အသင့်ပြင် ထားပါ။ ကျွန်မကမူ ဤစာအုပ်ကို လက်ကပင် မချချင်တော့ပါပေ။Marcia Martin(ဘဝအသွင်ပြောင်းလဲရေးသင်တန်း နည်းပြ)ကျွန်တော်တို့ အားလုံးလိုလိုမှာ ဘဝတွင် မိမိမည်သည့်အရာကို လိုချင်မှန်း သိကြ သည်သာပင်။ သို့သော် လက်တစ်ဆုပ်စာခန့်ကသာ မည်သို့မည်ပုံ ရအောင်ယူနည်း ကို လေ့လာခဲ့ကြပေသည်။ ယခုအခါတွင်မူ အောင်မြင်မှု ဥပဒေသ က ကျွန်တော် တို့ကို လမ်းပြမြေပုံသာ ပေးသည်မဟုတ်၊ အင်ဂျင်စက်ကိုနှိုး၍ ဓာတ်ဆီပါ ဖြည့်ပေး လိုက်လေသည်။ အဆာပြေ စားရန် ကွတ်ကီးမုန့်ထုတ်ကို ယူပြီး ဤစာအုပ်က ပေးသော အမှာစကားကို မရမချင်း စာအုပ်ကို လက်မှ မချတမ်း ဖတ်ပါလေ။Wally Amos (The Cookie Never Crumbles စာအုပ်ကို ရေးသားသူ)ကျွန်တော့်ချစ်မိတ်ဆွေ ဂျက် ကင်းန်ဖီးလ်သည် ယနေ့ ကမ္ဘာပေါ်တွင် ထိထိမိမိ ဟောပြော သင်ကြား ပို့ချရာတွင် အတော်ဆုံး ဆရာတစ်ယောက်ပါပေ။ သူနှင့်အတူ အတန်ကြာ နေခွင့်ရခဲ့ပြီး သူ၏ တိုတိုဖောက်ဖောက်နှင့် ထိထိရှရှ အတွေးအမြင်တို့ ကို ယူနိုင်ခဲ့သည်ဆိုလျှင် သင့်ဘဝလက်ကျန် အချိန်များမှာ အကောင်းဘက်ဆောင် ပြောင်းလဲသွားမည် ဧကန်ပါပေ။
Brial Tracy ( စိတ်ခွန်အား မြှင့်တင်ရေးအကြောင်း ရေးသား ဟောပြောပို့ချရာတွင် အမေရိက၏ နာမည်ကျော်ထိပ်တန်းပုဂ္ဂိုလ် )