စီးပွားရေးလုပ်ငန်းလောကတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အရာရာကို သိသည်ဟု သင့်ကိုယ်သင် ထင်ပါလျှင် အောင်မြင်မှု ဥပဒေသ စာအုပ်ထဲတွင် ရေးထားသည်များကို ဖတ်ကြည့်လိုက်ပါဦး။ ယခုမှ စီးပွားရေး စလုပ်သူများမှသည် ကမ္ဘာ့သြဇာ အာဏာအရှိဆုံး စီအီးအိုများသို့တိုင် ဤစာအုပ်က သူတို့ လုပ်ချင်နေသော အလုပ်များကို ဆောင်ရွက်ရာတွင် ပို၍အောင်မြင်၊ ပို၍ပျော်ရွှင်လာစေရန် ညွှန်ကြားပြသပေးပါလိမ့်မည်။ John Assaraf RE/MAX အင်ဒီယားနား၊ နယူးယော့ခ် တိုင်းမ်နှင့် ဝေါစထရိဂျာနယ်တို့တွင် ရောင်းအကောင်းဆုံးစာရင်းဝင်The Street Kid’s Guide to Having It All စာအုပ်ကို ရေးသားသူဂျက် ပေးလိုက်သော သတင်းစကားမှာ ရိုးရိုးရှင်းရှင်းလေးနှင့် အစွမ်းထက်မြက်လှပြီး လက်တွေ့လည်း ကျနေပေသည်။ အကယ်၍ သင်က ထိုဥပဒေသများကို လက်တွေ့ လုပ်ကြည့်လျှင် ထိုဥပဒေသများ ကလည်း သင့်ကို လက်တွေ့ အကျိုးပေးပေလိမ့်မည်။ မိမိ စိတ်ကူး အိပ်မက်ထားသော အောင်မြင်သည့် ဘဝကို ဖန်တီးလိုသူများ မုချ ဖတ်ရမည့် စာအုပ်ပင်။Andrew Puzder CKE Restaurants, Inc., Carl’s Jr., Hardee’s, and La Salsa ဥက္ကဋ္ဌနှင့် စီအီးအိုအကယ်၍ သင့်အခွင့်အလမ်းများကို တိုးချဲ့ခြင်း၊ မဟာမိတ်သစ်များကို ဖန်တီးခြင်း၊ လူ အများကို ပို၍ ကူညီခြင်းနှင့် သင့်ဘဝတွင် မိနစ်တိုင်းကို တန်ဖိုးရှိရှိ အသုံးချလိုခြင်းတို့သည် သင်၏ ရည်မှန်းချက်များဖြစ်သည် ဆိုပါစို့။ အောင်မြင်မှု ဥပဒေသသည် ဤရလဒ်များကို သင့်ထံ ဆောင်ယူပေးပါလိမ့်မည်။ ကျွန်တော်ကိုယ်တိုင်လည်း ဤစာအုပ်ကို အလွန်ပင် နှစ်သက် သဘောကျမိပါ၏။John Demartini Demartini Seminars စီအီးအိုနှင့် Concourse of Wisdom ကို တည်ထောင်သူသင့်ဘဝ၊ သင့်အသက်မွေးဝမ်းကျောင်းနှင့် သင်၏ ချစ်ခင် ပေါင်းသင်း ဆက်ဆံမှုများကို တိုးတက်စေမည့် မှော်ကျည်ဆန်တစ်တောင့်ကို သင် ရှာနေသည် ဆိုပါစို့။ အောင်မြင်မှု ဥပဒေသက သင့်အတွက် ကွက်တိဖြည့်ဆည်းပေးပေလိမ့်မည်။ ဤခေတ်သစ် ဂန္ထဝင် စာအုပ်ကို ဝယ်ရုံဝယ်ပြီး စာအုပ်စင်ပေါ် တင်မထားပါနှင့်။ သက်သေထင်ရှား ပြသပြီးသား မဟာဗျူဟာများကို ဖတ်ကြည့်ပါ။ အချိန်က စမ်းသပ်ပေးခဲ့ပြီးသား စနစ်များကို လက်တွေ့ ကျင့်သုံးကြည့်ပါ။ ပြီးသည်နှင့် ကမ္ဘာ့အအောင်မြင်ဆုံး စွမ်းဆောင်အောင်မြင်သူများ အဆင့် သို့ တက်လှမ်းရန် အသင့်ပြင်လိုက်ပါ။

Raymond Aaron ( ကနေဒါ နိုင်ငံမှ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နံပါတ်တစ် လမ်းညွှန်ပုဂ္ဂိုလ် )

Leave a Reply

Your email address will not be published. Required fields are marked *