⏹ မိတ်ဆွေ ဒီစာအုပ်ကိုဖတ်တဲ့အခါ မိတ်ဆွေအတွက် အရေးကြီးတယ်လို့ယူဆရတဲ့ အချက်တွေကို တွေ့ ပြီးဆိုတာနဲ့ မျဉ်းသားပါ။ ဒါမှမဟုတ် အရောင်နဲ့ ခွဲခြား မှတ်သားလိုက်ပါလို့ ကျွန်တော်လေးလေးနက်နက်တိုက်တွန်းပါ ရစေ။ မိတ်ဆွေ လက်တွေ့လုပ်ဆောင်တော့မယ့် အချက်တွေကို ဘေးနားက နေရာလွတ်မှာ မှတ်စုချရေးလိုက်ပါ။ အဲဒီမှတ်စုတွေ ၊ မျဉ်းသားခဲ့တာတွေကိုပြန်လေ့လာကြည့်လိုက်ပါ။လေ့လာသင်ယူတဲ့အခါ အထပ်ထပ်အခါခါ လေ့ကျင့်ခြင်းဟာ သော့ချက်ကျပါတယ်။ဒီစာအုပ်ထဲမှာကိုယ် မှတ်သားခဲ့တဲ့ အကြောင်းအရာတွေကို ကိုယ်ပြန်ပြန်ဖတ်လိုက်တာဟာ မိတ်ဆွေ ယခုလက်ရှိရောက်နေတဲ့ နေရာကနေ ကိုယ်ရောက်ချင်နေတဲ့ နေရာကို ရောက်သွားရအောင်လို့ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးလိုက်ခြင်းပါပဲ။ (နိဒါန်းစကား မှ)
⏹ ဦးနှောက်ကို သုတေသနပြုရာက နောက်ဆုံး ထွက်ပေါ်လာတဲ့အဖြေတွေအရ အကောင်းဘက်ကို တွေးပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြောတတ်၊ အကောင်းဘက်ကိုမြင်ယောင်ပြီးစိက်ကူးပုံဖော်ကြည့်တတ်သူတွေဟာ မှန်မှန်ကန်ကန် လေ့ကျင့်သင်ယူမယ်၊ နည်းပေးလမ်းပတြာကို ခံယူမယ် ၊ လေ့ကျင့်မယ်ဆိုရင် ဘယ်လိုလူမိျုးပဲဖြစ်နေပါစေ၊ ဘယ်အရာကိုမဆို သင်ယူတတ်မြောက်နိုင်တယ်လို့ သိကရြပါပြီ။ (ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ မှ)
⏹ ကိုယ် လုပ်ရမယ့် အလုပ်တွေကို စီစဉ်တကျ ခုကစပြီး လုပ်ဖို့ပါပဲ။ ပထမဆုံံး ကိုယ် ဖြစ်ချင်တဲ့သူအဖြစ် ဖြစ်နေပြီလို့ မှတ်လိုက်ပါ။ အဲဒီကိုယ် ဖြစ်ချင်တဲ့သူက လုပ်မယ့်အလုပ်မျိုးကို လုပ်လိုက်ပါ။ သိပ်မကြာခင်မှာပဲ မိတ်ဆွေရဲ့ ဘဝမှာ ကျမ်းမာမှု ၊ ချမ်းသာမှု ၊ ပျော်ရွင်ကြည်နူးရတဲ့ အိမ်ထောင်သည်ဘဝ အစရှိသဖြင့်ကိုယ်လိုချင်တာတွေ အားလုံး လွယ်လွယ်ကူကူ ချောချောမောမော ရရှိလာမှာဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။
(ဖြစ်နေသလိုနေ မှ)
Facebook – https://www.facebook.com/wisdomhousepublishing