The Rules of Management – Richard Templar
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူများအတွက် အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့် စည်းမျဉ်း ၁၀ချက်ကို ဖြည့်စွက်ထည့်သွင်းထားပါသည်။
စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အောင်မြင်မှု ရရှိစေရန် တိကျစွာ လမ်းညွှန်ပေးမည့် စာအုပ်
စနစ်၊ နိုင်ငံရေး ၊ လူသားတို့ ပြဿနာများ၊ မဖြစ်နိုင်သော ရည်မှန်းချက်များနှင့် အလုပ်ဖိစီးမှုများအကြားတွင် အပေါ်နှင့် အောက်ကို ပင်ပင်ပန်းပန်းလည်း အားမထုတ်ရဘဲ လွယ်ကူညင်သာစွာ စီးဆင်းဖြတ်သန်း ကူးခပ်နိုင်သော မန်နေဂျာတစ်ဦး ဖြစ်လိုပါသလား။
မိတ်ဆွေသည် အမြဲတမ်း မှန်တာကိုသာ ပြော၊ မှန်တာကိုသာလုပ်၍ အခြေအနေ အရပ်ရပ်ကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနည်းကို သိလိုပါသလား။ ဤအရာတွေအားလုံးကို ချွေးလည်း သိပ်မထွက်၊ အလွန်အမင်း ကြိုးပမ်းခြင်းလည်း မပြုရဘဲ လုပ်ဆောင်နိုင်လိုပါသလား။
သို့ဆိုပါလျှင် မိတ်ဆွေ ဤ စီးပွားရေး စီမံခန့်ခွဲမှုပညာ စည်းမျဉ်း ၁၀၀ စာအုပ်ကို ဖတ်ရန် လိုနေပါပြီ။ ဤ ရွှေစည်းမျဉ်းများက မိတ်ဆွေ ပြောသမျှနှင့် မိတ်ဆွေ လုပ်သမျှ (မိတ်ဆွေ လုပ်နေသည်တို့ကို မြင်ကြသမျှ အပါအဝင်) တို့ကို လွှမ်းခြုံမိစေပါလိမ့်မည်။ ဤစည်းမျဉ်းများက ( သူတို့ မလုပ်လျှင် မိတ်ဆွေက လုပ်ရမည်ဖြစ်သော) မိတ်ဆွေ၏ အသင်း အလုပ်ကောင်းကောင်း လုပ်နိုင်ရေးအတွက် မိတ်ဆွေကို နည်းညွှန် လမ်းပြပေးပါလိမ့်မည်။ ဤစည်းမျဉ်းများက မိတ်ဆွေ၏ လုပ်ဆောင်ချက်များနှင့် အပြုအမှုများ အောင်မြင်စေရန် ပံ့ပိုးပေးပါလိမ့်မည်။
မိတ်ဆွေ၏ဘဝ ပိုမိုချောမွေ့လွယ်ကူလာပါလိမ့်မည်။ မိတ်ဆွေလည်း ကြီးကြီးမားမား အောင်မြင်လာပါလိမ့်မည်။ မိတ်ဆွေကို အလုပ်ရှာဖွေသူများက ပိုမိုခန့်ချင်လာကြသည်နှင့်အမျှ မိတ်ဆွေလည်း ရာထူးတိုးသွားသည့်အခါ မည်သူမျှ အံ့ဩသွားကြတော့မည် မဟုတ်ပါပေ။
ဤစာအုပ်ပါ စည်းမျဉ်းများကြောင့် အခြားသူများ ထူးချွန်လာကြပါလိမ့်မည်။ မိတ်ဆွေက ပို၍ ပို၍ ထူးချွန် ထက်မြက်သွားပါလိမ့်မည်။