#နိုင်ငံတကာတွင်ရောင်းအကောင်းဆုံးစာရင်းဝင်စာအုပ် ကိုယ်တိုင်ပဲ ဖတ်ဖတ် ချစ်သူစုံတွဲများကိုပဲ မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးပေး #တကယ်လက်တွေ့အသုံးဝင်တဲ့စာအုပ် (အချစ်စည်းမျဉ်းကို ဒုတိယအကြိမ် ပြင်ဆင်တည်းဖြတ် ထုတ်ဝေခြင်း)

သင့်ဘဝတွင် သင်နှင့် သင့်လက်တွဲဖော် ပို၍ ပျော်ရွှင်လာစေရန်နှင့် ပို၍ စိတ်ကျေနပ်မှုရရှိစေရန် လိုအပ်သကဲ့သို့ သင့်နှင့် သင့်မိသားစု၊ သင်နှင့် သင့်မိတ်ဆွေ အပေါင်းအသင်းများ ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံ သွားကြရန်လည်း လွန်စွာအရေးပါလှသည်ဖြစ်ရာ ယင်းလိုအပ်ချက်များကို ဤစာအုပ်က ဖြည့်ဆည်းပေးသွားပါလိမ့်မည်။ အချစ်စိတ်ကြောင့် လူတွေဆီမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်တတ်ပုံ၊ အဲသလိုဖြစ်စေတဲ့အကြောင်းရင်း၊ အချစ် စိတ်ကို ဘယ်လို စေစားထိန်းကျောင်းနိုင်သလဲ၊ ဘယ်ပုံ နှစ်သိမ့်ကျေနပ်မှု ရနိုင်သလဲဆိုတာ တွေကို စောင့်ကြည့်လေ့လာခဲ့သူ စာရေးဆရာ ရစ်ချက် တင်မ်ပလာက အောက်မှာ နမူနာဖော်ပြထားတဲ့ စည်းမျဉ်းများ အပါအဝင် ချစ်ရေးချစ်ရာစည်းမျဉ်း ၁၀ဝ အဖြစ် ယခုစာအုပ်မှာ စုစည်းရေးသား တင်ဆက်ထားပါတယ်–ပင်ကိုသဘာဝအတိုင်းပဲ နေပါ၊-ချစ်ခင်ပေါင်းသင်းမှုဟာ တဏှာပေမသက်သက်မဟုတ်၊-ကိုယ့်ကို မကြင်နာတဲ့သူနဲ့ အတူမနေပါနဲ့၊-ကိုယ့်အပြစ်ကို ကိုယ် မြင်တတ်ပါစေ၊-သူ့ဘဝထဲမှာ ကိုယ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါစေ၊-ချစ်တင်းနှောတာဟာ ချစ်လို့နှောတာမျိုးပဲ ဖြစ်ပါစေ၊-ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားတတ်ပါစေ၊-စိတ်နာလို့ ကောင်းမနေပါနဲ့၊-အမှန်တရားကို မြတ်နိုးတဲ့ သူငယ်ချင်းတွေကို တွေ့အောင် ရှာ၊-နာကြည်းစိတ်က ဘယ်သူ့ကိုမှ အကျိုးမပေး။ဒီစာအုပ်မှာပါတဲ့ စည်းမျဉ်းတွေကို လက်တွေ့အသုံးချတဲ့နေရာမှာ လွယ်ကူရအောင် ချစ်သူနဲ့ တွေ့နိုင် ရေး၊ ချစ်ခင်ပေါင်းသင်းမှု ခိုင်မြဲရေး၊ အဆင်မပြေတော့ရင် ညင်ညင်သာသာ လမ်းခွဲနိုင် ရေး၊ ဒါ့အပြင် ၅၂၈ သွယ်သော မေတ္တာနဲ့ ဆက်သွယ်နေကြတဲ့ မိသားစု သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပိုပြီးချစ်ချစ်ခင်ခင် ဆက်ဆံနိုင်ရေး စသည်ဖြင့် ကဏ္ဍအလိုက် တင်ဆက် ပေးထားတာမို့ အချစ်ရှိသူတိုင်း ဆောင်ထားရမယ့် လက်စွဲစာအုပ်ပဲ ဖြစ်ပါတယ်။ဒီစာအုပ်မှာ မူရင်းစာရေးသူ ရစ်ချက် တင်မ်ပလာရဲ့ အာဘော်ကတော့ နှစ်ဖက် ဆက်ဆံရေးမှာ ကိုယ့်တစ်ဖက်တည်းအတွက်သာ မကြည့်ဘဲ ကိုယ်ချင်းစာတရား ထားရှိတဲ့အမြင်နဲ့ နှစ်ဖက်မျှတအောင် ကြည့်တတ်ဖို့ ဆွေးနွေးသွားခြင်းပဲ ဖြစ်ပါ တယ်။ ဒီကြားထဲမှာ သူက တစ်ချက်တစ်ချက် ထေ့သလို ငေါ့သလိုနဲ့၊ တစ်ချက် တစ်ချက်ကျတော့လည်း စာဖတ်သူပါ ပူးပေါင်း ပါဝင်ချင်လာအောင် နှိုးဆွပေးပြန်တာမို့ ဖတ်ရတာ ပေါ့ပါး သွက်လက်နေပါတယ်။ ဒါကြောင့်မို့ စည်းမျဉ်း တစ်ခုချင်းစီကို ရင်ထဲရောက်တဲ့အထိ ဖတ်နိုင်ရင် မေတ္တာအရင်းခံတဲ့အချစ်ကို နားလည် စာနာတရား ပွားများနိုင်ပါလိမ့်မယ်လို့ ဆိုပါရစေ။

ဘာသာပြန်သူ၏ မိတ်ဆက်အမှာ မှ တန်ဖိုး – ၁၂၀၀၀ ကျပ် စာမျက်နှာ (၃၄၀) ခန့်၊ ဝူဖရီး ၆၀ ဂရမ် စက္ကူဖြူချော၊ ဆယ်ချိုး ဆိုက်ကြီး ၁၅.၂ X ၂၂.၇ စင်တီ။

Leave a Reply

Your email address will not be published. Required fields are marked *