“” နယူးယော့တိုင်း သတင်းစာပါ ရောင်းအကောင်းဆုံးနံပါတ်တစ်စာရင်းဝင်စာအုပ် “” အလေ့အကျင့်ပါဝါစွမ်းအား (ဒုတိယအကြိမ်)

THE POWER OF HABIT by Jack D. Hodge အလေ့အကျင့်ကောင်းများ၏ ပါဝါစွမ်းအားကို မြှင့်တင်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွင်သာမက မိမိကိုယ်ပိုင်ဘဝတွင်ပါ အောင်မြင်မှု ရရှိစေရန် အာမခံပေးပါလိမ့်မည်။ အလွန်အောင်မြင်သောသူများနှင့် သာမန်လူများ မည်သည့်အတွက်ကြောင့် ကွာခြားနေရပါသနည်း။အောင်မြင်သူများနှင့် သာမန်လူများ ခြားနားရသည့် အဓိက အကြောင်းရင်းမှာ ဉာဏ်ရည်ဉာဏ်သွေး၊ ပါရမီသို့မဟုတ် လုပ်ငန်းခွင် ကိုယ်ကျင့်သိက္ခာတို့ကြောင့် မဟုတ်ဘဲ .. အလေ့အကျင့်များကြောင့်သာ ဖြစ်ကြောင်း ဤစာအုပ်တွင် ရှင်းပြထားပါသည်။ ထို့ပြင် အလေ့အကျင့်များသည် မည်သည့်အတွက် ပါဝါစွမ်းအား ကြီးမားရကြောင်း ဆန်းစစ်ထားပြီး အဆိုပါ ပါဝါစွမ်းအားကို အသုံးပြု၍ ကျွန်ုပ်တို့၏ အရည်အသွေးများကို မြှင့်တင်ကာ အမြင့်မားဆုံး သော အောင်မြင်မှုရရှိစေနိုင်ရန် လမ်းညွှန်ပေးထားပါသည်။ ဤစာအုပ်ကို ဖတ်ရှုကြသူများအနေဖြင့် ဖော်ပြပါ လမ်းညွှန်ချက်များကို အသုံးချ၍ မိမိတို့ဘဝကို ပြုပြင်ပြောင်းလဲကာ ပိုမိုအောင်မြင်နိုင်ကြပါလိမ့်မည်။