အခုဒီမှာ မိတ်ဆွေ ပေါင်းသင်းနေတဲ့ လူမှုပတ်ဝန်းကျင်ကို ပထမတန်းစားဖြစ်လာရအောင်ရိုးရိုးရှင်းရှင်းလေးလုပ်ရမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါမယ်။
၁။ အုပ်စုသစ်လေးတွေမှာ ပါဝင်လှုပ်ရှားလိုက်ပါ။မိတ်ဆွေရဲ့လူမှုပတ်ဝန်းကျင်ကို ခါတိုင်း ကိုယ်ပေါင်းသင်းနေကျ လူနည်းနည်းလေးနဲ့ပဲ ကန့်သတ်ထားမယ် ဆိုရင် ငြီးငွေ့လာ၊ ပျင်းရိလာ၊ စိတ်မကျေမနပ်ဖြစ်လာတာပဲ ကြုံရပါမယ်။ အဲဒါနဲ့ထပ်တူအရေးကြီးတာ ရှိပါသေးတယ်။ မိတ်ဆွေ အောင်မြင်မှုရရှိစေမယ့် စီမံချက်ထဲမှာ မိတ်ဆွေဟာ လူတွေကိုနားလည်တဲ့နေရာမှာ တစ်ဖက်ကမ်းခပ် ပါရဂူမြောက်သူတစ်ဦး ဖြစ်ဖို့ လိုပါလိမ့်မယ်။ အုပ်စု သေးသေးလေးတစ်ခုကိုပဲ လေ့လာရင်းနဲ့ လူတွေအားလုံးအကြောင်း နားလည်ဖို့ ကြိုးစားတာဟာ ဖြတ်လမ်းနည်းစာအုပ်လေးတစ်အုပ် လေ့လာတာနဲ့ သင်္ချာပညာပါရဂူဖြစ်အောက်ကြိုးစားတာနဲ့အတူတူပါပဲ။ မိတ်ဆွေသစ်တွေ ပေါင်းပါ။အဖွဲ့အစည်းသစ်တွေမှာ ပါဝင်လှုပ်ရှားပါ။ ကိုယ့်လူမှုအပေါင်းအသင်းကို ဆံ့အောင် ချဲ့ထွင်ပါ။ ဘယ်အရာပဲဖြစ်ဖြစ် အမျိုးအမည် စုံလင်ရင် ကောင်းသလို လူတွေအမျိုးမျိုးအစားစား စုံလင်ပေါင်းကြည့်ရင် ဘဝမှာ ရသစုံစုံလင်လင်နဲ့ ထိတွေ့ရလို့ ကျယ်ကျယ်ပြန့်ပြန့်မြင်ကွင်းကို စီးကြည့်ရလို ဖြစ်ပါလိမ့်မယ်။ ဒါဟာလည်း စိတ်အတွက်အင်မတန် ကောင်းမြတ်လှတဲ့ အစာပါပဲ။
၂။ မိတ်ဆွေနဲ့ အမြင်မတူတဲ့မိတ်ဆွေသူငယ်ချင်းတွေကို ရွေးချယ်ပေါင်းသင်းပါ။ ဒီကနေ့ခေတ်သစ်မှာအမြင်ကျဉ်းမြောင်းသူတွေအတွက် အနာဂတ် သိပ်ကြီးကြီးမားမား မရှိနိုင်ပါဘူး။ အရေးပါတဲ့တာဝန်၊အရာရောက်တဲ့ရာထူးဌာနန္တရ ကြီးကြီးမြင့်မြင့်ကိုလိုချင်တဲ့သူဟာ နှစ်ဖက် မြင်အောင် ကြည့်တတ်ရပါလိမ့်မယ်။ မိတ်ဆွေက ရီပတ်ဘလီကန်ပါတီဝင် ဆိုရင်ဒီမိုကရက်ပါတီက မိတ်ဆွေတွေလည်း ရှိရပါမယ်။မိတ်ဆွေက ဒီမိုကရက်တစ် ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဘာသာအယူဝါဒချင်း မတူညီတဲ့သူတွေနဲ့ သိကျွမ်းရင်းနှီးအောင် လုပ်ပါ။ ဆန့်ကျင်ဖြစ်သူတွေနဲ့ပေါင်းသင်းပါ။ သို့ပေမယ့် သတိပြုဖို့တစ်ချက်ကတော့ ဒီလူတွေဟာ ရှေ့မှာ အလားအလာ ရှိနိုင်သူတွေ ဖြစ်ဖို့လိုပါတယ်။
၃။ မိတ်ဆွေအပေါင်းအသင်းတွေအဖြစ် အသေးအမွှားလေးတွေကို အရေးမထားတတ်တဲ့ လူကို ရွေးချယ်ပေါင်းသင်းပါ။ မိတ်ဆွေရဲ့စိတ်ကူးစိတ်သန်း၊ မိတ်ဆွေ ပြောတဲ့စကားတွေထက်မိတ်ဆွေရဲ့အိမ် ဘယ်လောက် ကောင်းသလဲ၊ မိတ်ဆွေ သုံးဆောင်နေတဲ့ပစ္စည်းတွေ ဘယ်လောက်တန်ဖိုးရှိသလဲ ဆိုတာတွေပဲ ကြည့်တတ်တဲ့သူတွေဟာသေးသေးဖွဲဖွဲ့သမားတွေပါပဲ။ မိတ်ဆွေစိတ်ကိုလွှမ်းခြုံသက်ရောက်စေမယ့် ပတ်ဝန်းကျင်ကို သတိပြုလိုက်ပါ။အကောင်းဘက်ကိုပဲ ကြည့်တတ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေကို ရွေးချယ်ပါ။ မိတ်ဆွေ အောင်မြင်တာ တကယ်မြင်ချင်တဲ့မိတ်ဆွေအပေါင်းအသင်းကို ရွေးချယ်ပါ။ မိတ်ဆွေရဲ့အကြံအစည်၊ မိတ်ဆွေရဲ့စိတ်ကူးအိပ်မက်တွေသက်ဝင်ရှင်သန်အောင် အားပေးမယ့်မိတ်ဆွေအပေါင်းအသင်းကို ရှာပါ။ တကယ်လို့ အဲ့ဒီလို မရှာနိုင်ဘူး၊ သေးသေးဖွဲဖွဲသမားတွေနဲ့သာ နှစ်ကိုယ့်တစ်စိတ်လုပ်ပေါင်းနေလို့ကတော့မိတ်ဆွေကိုယ်တိုင်လည်းပဲ တဖြည်းဖြည်းနဲ့ သေးသေးဖွဲဖွဲလေး တွေးတတ်သူ ဖြစ်သွားပါလိမ့်မယ်။ ( ကိုယ့်ပတ်ဝန်းကျင်ကိုကိုယ်ရွေးချယ် မှကောက်နုတ်ချက် )
🏡 – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း
စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ ❗စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။
Facebook Page – https://www.facebook.com/wisdomhousepublishing