ကမ္ဘာဦးအစ လူသားများ ဖြစ်တည်လာကြကတည်းက ဖန်တီးခဲ့ကြသော အနုပညာပစ္စည်း အမျိုးမျိုးတွင် ရုပ်ရှင်က တစ်မူထူးနေသည်ဟု ကျွန်တော် ထင်မိသည်။ သာမန်အားဖြင့် အချိန် နှစ်နာရီလောက်အတွင်းမှာ ကျွန်တော် တို့ကို ရသတွေ တနင့်ကြီး ပေးနိုင်သော ထိုရုပ်ရှင်မှာ စတင်ပေါ်ပေါက်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်ကာလမှသည် ယခုတိုင် မရိုးနိုင်သေး။ ပိုလို့ပင် ဆန်းသစ်လာတာပဲ ရှိသည်။ ရုပ်ရှင်မှ စီးဆင်းလာသော ရုပ်မြင်ဇာတ်လမ်း တွေက ဇာတ်လမ်းတွဲပေါင်း ရာချီပြီး တင်ဆက်ကြ၊ ခံစားကြည့်ရှုကြ ဖြစ်နေသော်လည်း ရုပ်ရှင်ဇာတ်ကားက တိမ်ကောမသွား။ ကမ္ဘာ အနှံ့ အပြားမှာ လှိုက်လှဲခုံမင်စွာ စောင့်ဆိုင်း ကြည့်ရှုနေကြဆဲ ဖြစ်သည်။ကျွန်တော်တို့ ရုပ်ရှင်ကို ကြည့်ကြသည့် အဓိက ရည်ရွယ်ချက်မှာ စိတ်ကို ဖျော်ဖြေပေးရန်ပင် ဖြစ်၏။ သို့သော်လည်း လူ့စိတ် ဆိုသည်ကလည်း အဆန်းသား။ ဖျော်ဖြေပေးရုံသက်သက်နှင့်လည်း မတင်းတိမ် တတ်ကြ။ သည်တော့ ရုပ်ရှင်ဇာတ်ကား အမျိုးအစား များပြားစွာ ကွဲထွက်လာပြီး ကြည့်ရှုသူများ မရိုးစေရန် အမျိုးမျိုးအဖုံဖုံ ကြံဆတီထွင် တင်ဆက်ကြတော့သည်။ ကျွန်တော်တို့လို ပရိသတ်တွေ အဖို့မှာလည်း ကိုယ် နှစ်သက်ရာ ရွေးချယ်ပိုင်ခွင့်ကို လွတ်လွတ်လပ်လပ် ကျင့်သုံးလာနိုင် ကြတော့သည်။ ရုပ်ရှင်ချစ်သော ကျွန်တော်ကတော့ ဇာတ်လမ်းဇာတ်အိမ်အပြင် ကိုယ် ကြည့် ချင်ရာရာ အဆိုအကတွေက အစ ဗဟုသုတတွေ အဖုံဖုံ၊ အတွေးအခေါ် အမျိုးမျိုး၊ လူတန်းစား အလွှာလွှာကို ရင်းရင်းနှီးနှီး ရှုစားရ၊ အကဲခတ်ရ သဖြင့် ငယ်စဉ်ကတည်းက ရုပ်ရှင် ဆိုသည်နှင့် အိမ်က မသိအောင် လစ်ပြီးသား ဖြစ်နေတတ်တော့သည်။ရုပ်ရှင်နှင့် တချို့အနုပညာပစ္စည်း ဖန်တီးမှုတွေအကြား သိသိသာသာကြီး ခြားနားနေတာ တစ်ခုက ရှိသေးသည်။ ပန်းချီနှင့် စာပေတို့မှာ တစ်ဦး တည်း ဖန်တီးမှုကသာ အခရာ ဖြစ်သည်။ ရုပ်ရှင်ကတော့ ဇာတ်လမ်း ရွေးလိုက်သည်မှ စပြီး ရုံတင်သည်အထိ အနုပညာရှင်၊ အတတ်ပညာရှင် အမျိုးမျိုး၏ ကဏ္ဍအလိုက် စုပေါင်းပါဝင် ဖန်တီးမှုဖြင့် အကွက်ဖော်ရသည်။ တစ်ကွက်ကွက်မှာ အားနည်းနေလျှင် တစ်ခုလုံး ပီပြင်ဖို့ ခဲယဉ်းသွားတတ်သည်။ သည်လို ကဏ္ဍစုံစုံလင်လင်နှင့် စုပေါင်းဖန်တီးမှုကပင် ပရိသတ် များကို ဆွဲငင်နိုင်ခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်မည် ထင်ပါသည်။ ( တံတားပေါ် တွဲခေါ်ကြသူများသို့ မှ )
🏡 – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း
စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။
Facebook page – https://www.facebook.com/wisdomhousepublishing