ဘဝအောင်မြင်ရေးအတွက် သိပ္ပံနည်းကျလေ့လာတင်ပြထားတဲ့ ဒီစာအုပ်ဟာ နိုင်ငံတကာမှာကော မြန်မာမှာပါ ရောင်းအားအကောင်းဆုံးစာရင်းဝင် ဖြစ်ပါတယ်။ အခု မြန်မာပြန် ဒီစာအုပ်ကို စတုတ္ထအကြိမ် အဖြစ် ထပ်မံ ထုတ်ဝေလိုက်ပါပြီ။
The 100 SIMPLE SECRETS OF Successful People
အသုံးချမဲ့ မိတ်ဆွေအတွက် ပညာရှင်တွေရဲ့ လေ့လာ တွေ့ရှိချက် ဘဝအောင်မြင်မှု ရရှိစေမဲ့နည်းလမ်းတွေကိုစိတ်ပညာနဲ့ သိပ္ပံပညာရှုထောင့်တို့ကနေ သုတေသနပြု လေ့လာဆန်းစစ်ပြီး တစ်မူထူးအောင် တင်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကို လွယ်လင့်တကူ အသုံးချနိုင်ဖို့အတွက် DAVID NIVEN, PH.D. က ပြုစုရေးသားထားတဲ့ THE 100 SIMPLE SECRETS OF SUCCESSFUL PEOPLE စာအုပ်ကို စာရေးဆရာ ကြည်ရွှန်းက မြန်မာပြန်ဆိုထားပါတယ်။ ခုစာအုပ်ကို ၂၀၀၇ ခုနှစ် ကတည်းက စတင်ထုတ်ဝေလာရာမှာ စာဖတ်ပရိသတ်တွေ စဥ်ဆက်မပြတ် အားပေးလာခဲ့ကြတဲ့အတွက် ရောင်းအားအကောင်းဆုံးစာရင်းဝင်စာအုပ်လဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လူအမျိုးမျိုး ဘဝအစုံစုံကနေ ရရှိလာကြတဲ့ အောင်မြင်မှုတွေအပေါ် သိပ္ပံပညာရှင်တွေက ကောက်ယူ သုံးသပ်ထားတာတွေကို ဖော်ပြထားတာပါ။ နည်းလမ်းတိုင်း နည်းလမ်းတိုင်းမှာ အဓိကကျတဲ့ သိပ္ပံပညာဆိုင်ရာ တွေ့ရှိချက်ရယ်၊ ဒီမူသဘောနဲ့ ပတ်သက်တဲ့ လက်တွေ့ဘဝက နမူနာရယ်၊ ကိုယ့်ဘဝမှာ အောင်မြင်မှု ရဖို့ အခွင့်အလမ်းတွေ ပေါ်လာစေချင်ရင် လိုက်နာသင့်တဲ့ အကြံပြုချက်တွေရယ်တို့ကို စီကာစဉ်ကာ တင်ပြထားပါတယ်။ (နိဒါန်း မှ) ပြဿနာတွေကို ဖြေရှင်းဖော်ထုတ်ပေးနိုင်ဖို့ ငွေကြေးနဲ့ အလဲအလှယ် လုပ်ပြီး ကမ်းလှမ်းတာမျိုးဟာ လူတွေမှာ ရှိတဲ့ ပင်ကို စိတ်ကူးဉာဏ် ထွက်လာတာမျိုးနဲ့ အဆက်အစပ် မရှိကြောင်း တွေ့ရပါတယ်။ ဖန်တီးနိုင်စွမ်း ဆိုတာဟာ ပြဿနာအပေါ်မှာ နှစ်နှစ်ကာကာ စိတ်ဝင်တစားရှိမှုနဲ့ အဲဒီလို ဖန်တီးနိုင်စွမ်း ရှိမှုအပေါ်မှာ အထက်လူကြီးတွေ ကိုယ်တိုင်က တန်ဖိုးထား အားပေးမှုတို့ကနေ အများဆုံး ထွက်ပေါ်လာတတ်ကြောင်း တွေ့ရှိရပါတယ်။ ( နည်း-၃၊ ဖန်တီးစိတ်ဟာ အတွင်းဓာတ်က ထွက်လာတာပါ မှ )
🏡 – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း
စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။
Facebook page – https://www.facebook.com/wisdomhousepublishing