ပြင်သစ်ဘုရင် နပိုလီယံဟာ အီတလီကို တိုက်ဖို့ လုပ် တော့ ဘယ်လိုမှ ကျော်လွှားလို့ မရနိုင်ဘူးလို့ ထင်ရတဲ့ အဆီး အတားကြီးနဲ့ ရင်ဆိုင်ရတယ်။ အဲဒါဟာ ဘာလဲဆိုတော့ မြင့်မားလှတဲ့ အဲ့လ်ပ် (ဗူဈ) တောင်တန်းကြီးပဲ။ အဲဒီ ပတ်ဝန်း ကျင်က လူတွေက ဘယ်လိုမှ မကျော်နိုင်ဘူးလို့ ယူဆထား တဲ့ တောင်တန်းကြီးပေါ့။ ဒါပေမဲ့ မဖြစ်နိုင်ဘူး ဆိုတာ နပိုလီယံ ရဲ့ ဝေါဟာရမှာ မရှိလေတော့ နပိုလီယံဟာ မလျှော့သော ဇွဲ လုံ့လနဲ့ ကြံတော့တာပေါ့။ သူက ငါ တတ်နိုင်တယ် ဆိုပြီး အောင်နိုင်ဖို့ သန္နိဋ္ဌာန်ချလိုက်တယ်။ သူ့တပ်တွေ တောင် တစ်ဖက်စောင်းကို လျှောဆင်းလာကြတော့ အီတလီ နိုင်ငံသူ နိုင်ငံသားတွေ မျက်လုံးပြူးကုန်ကြတော့တာပေါ့။
ဒီတင် နပိုလီယံဟာ အီတလီကို အောင်နိုင်ရတော့တယ်။ ကဲ … ကြည့်လေ သားငယ်။ သူ့အတွက် အကြီးမားဆုံး ဖြစ် တဲ့ အဆီးအတားကြီးကပဲ သူ့ကို အောင်ပန်း ဆွတ်နိုင်ဖို့ သေချာ ပေါက် လုပ်ပေးတာ ဖြစ်သွားရတယ်။
သားငယ်ရဲ့ ဘ၀မွာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ အား လုံးဟာလည်း ဒီလိုချည်းပါပဲ သားငယ်။ အဆီးအတားတွေ၊ အကန့်အသတ် အချုပ်အချယ်တွေ ဆိုတာတွေကို အမြင့်စား သဘောထားအမြင်နဲ့ ကြည့်ရှုလိုက်ရင် အဲဒါတွေဟာ အောင် မြင်မှုအတွက် နင်းတက်စရာ ကျောက်တုံးတွေအဖြစ် မလြဲ မေသြ ရောက်ကြရပါတယ်။
အဲဒီလို အဆီးအတားတွေနဲ့သာ မတွေ့ဘူးဆိုရင် သားငယ် ရဲ့ ကိုယ်ထဲမှာ တိမ်မြုပ် ငုပ်လျှိုးနေတဲ့ အစွမ်းအစတွေဟာ ထြက္လာပါ့မလား။
ဒါကြောင့် အဲဒီလို အဆီးအတား အခုအခံတွေကို မြုပ် နေတဲ့ စွမ်းအားတွေ ပေါ်ထွက်ဖို့ အခွင့်အလမ်းတွေပဲလို့ တင်စား ပြောဆိုကြတာ ဖြစ်တယ်။ ဒါတွေကို ဖြတ်ကျော်လိုက်ပြီး တာနဲ့ တစ်ပြိုင်နက် သားငယ်ဟာ သန်စွမ်းလာရတယ်။ ငါတို့ မြင်နေရတဲ့ ပန်းတိုင်ဆီကို ဒါတွေက ဦးဆောင် ခေါ်သွားမှာ ဖြစ်တယ်။
ဒါကြောင့် ခုချိန်က စပြီး သားငယ်ဟာ အခက်အခဲ၊ အဆီး အတား၊ အပိတ်အဆို့နဲ့ ကြုံလေတိုင်း ငါတော့ အောင်မြင်စရာ အလားအလာတော့ ကြုံတွေ့ရပြီကောလို့ စိတ်ထဲက ရှုမြင် လိုက်ပါ။ အဲဒီလို ရှုမြင် သုံးသပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ငါ တတ်နိုင်တယ်လို့ ကြုံးဝါးလိုက်ပါ။
ခေတ်အဆက်ဆက်မှာ ကြီးမြတ်ပြီး အောင်မြင်မှုကို မုခ် ပေးစွမ်းတဲ့ အဲဒီ ဂါထာလေးကို သတိရလိုက်စမ်းပါ သားငယ်။
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc