ပထမအကြိမ်ဆုရ ထေရဝါဒ ဓမ္မစာမူပြိုင်ပွဲဆုရ “ငွေလမင်း၏အလင်းကမ္ဘာ”
သမထဖြင့်လည်း ငြိမ်းမှုသဘောကို ခံစားနိုင်ပေသည်။ သို့သော် ထိုငြိမ်းမှုသည် နိဗ္ဗာန် မဟုတ်သေး။ သမထဖြင့် နိဗ္ဗာန် မရောက်နိုင်။ ဝိပဿနာ ရှုမှသာ နိဗ္ဗာန်ရောက်နိုင်၏။ နိဗ္ဗာန်အစစ် ဆိုလျှင် သစ္စာ လေးချက် ကိုက်ညီနေရမည်။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာ (နိဗ္ဗာန်) ကို မျက်မှောက် ပြုခြင်း၊ မဂ္ဂသစ္စာကို ပွားများခြင်း လုပ်ငန်းလေးချက် တစ်ပြိုင်နက် ဟန်ချက်ညီညီ ပြည့်စုံညီညွတ်နေရမည်။
(လက်တစ်လုံးခြား အမှားသံသရာ မှ)
သတ္တမအကြိမ်ဆုရ ထေရဝါဒ ဓမ္မစာမူပြိုင်ပွဲဆုရ “အမှောင်ဖျက်အလင်း”
ဓမ္မအလင်းမှာလည်း အဆင့်ဆင့် ရှိပါတယ်။ အဝိဇ္ဇာမှောင်ထုကြီးကို ဖျက်စီးပစ်နိုင်လောက်သည့် အလင်းများကို မစွမ်းဆောင်နိုင်သည့် တိုင်အောင် အနည်းဆုံး သမ္မာဒိဋ္ဌိ အလင်းရောင်လောက်အထိ ပေးစွမ်းနိုင်လျှင်ပင် သာဓု အကြိမ်ကြိမ် ခေါ်ဆိုထိုက်လှပါသည်။
တတ်စွမ်းနိုင်သလောက် အမှန်ဟူသော အလင်းကို ပေး၍ အမှား ဟူသော အမှောင်ကို ပယ်ဖျက်ပေးနိုင်ကြပါစေ။
ဖတ်ရှုသူများ အနေဖြင့် အမှား၊ အမှန် ဝေဖန်သုံးသပ်၍ ဝိဘဇ္ဇဉာဏ်အလင်း ရနိုင်ကြပါစေ။
(အမှာစာ မှ)
အဋ္ဌမအကြိမ်ဆုရ ထေရဝါဒ ဓမ္မစာမူပြိုင်ပွဲဆုရ “ဓမ္မအမြင်ရှင်သန်ဖူးပွင့်စေ”
မည်သူ၏ ညွှန်ကြားချက်မှန်း တိတိကျကျ မသိရသေးသော် လည်း နွေခေါင်ခေါင်တွင် ညောင်ပင်ကို ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်များဖြင့် ပူဇော်ကာ ပုတီး တချောက်ချောက်၊ ပါးစပ် တလှုပ်လှုပ်ဖြင့် ပွဲတော်တမျှ စည်ကားနေသည်ကို မြင်တွေ့မိရာ ဘုရားဝင်းထဲရှိ ရုပ်ပွားတော်များကိုပင် အားနာမိပါသည်။
(ပညာမပါ သဒ္ဓါမစစ် မှ)
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc