Wisdom House စာအုပ်တိုက် ၁၅ နှစ်ပြည့်ကာလတွင် ဂုဏ်ယူစွာ တင်ဆက်ဖြစ်သည့် စာအုပ်မှာ အမျိုးသားစာဆို ဆရာဇော်ဂျီ၏ အတ္ထုပ္ပတ္တိကို ဆရာဇော်ဂျီ၏ သမီးကြီး ဖြစ်သူ ဒေါက်တာခင်မျိူးဟန် ရေးသားထားသည့် ‘ဂျီ ငယ်ဘဝ မိဘဆွေမျိုး အသိုင်းအဝိုင်းကြား မည်သို့ ကြီးပြင်းလာပုံ၊ ပညာ မည်သို့ သင်ယူပုံ၊ အစိုးရအမှုထမ်းဘဝ ရောက်လာပုံ၊ အိစာဆိုဖေဖေ ဇော်ဂျီ’ ဆိုသော စာအုပ် ဖြစ်ပါသည်။ ဆရာဇော်ဂျီ အိမ်ထောင်ပြုဖြစ်ပုံ၊ အစိုးရဝန်ထမ်းဘဝ၌ ကျင်လည်ပြီး ရိုးရှင်းအေးဆေးသောဘဝကို ဖြတ်သန်းရင်း စာပေလောကကို မည်သို့မည်ပုံ အကျိုးပြုသွားနိုင်ကြောင်းတို့ကို စာရေးသူ (ဆရာဇော်ဂျီ့သမီးကြီး) က သူ မြင်ရသော ရှုထောင့်ကနေ၍ ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားသည့် အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ဖြစ်ပါသည်။

ဤစာအုပ်၏ ထူးခြားချက်မှာ ယခင်က မ​တွေ့ ခဲ့ဖူးသော မှတ်တမ်းဓာတ်ပုံ အတော်များများကို စုစုစည်းစည်း တင်ပြထားခြင်း ဖြစ်ပါသည်။ ယခုစာအုပ်ထဲတွင် ဆရာဇော်ဂျီ၏ ဘဝဇာတ်ကြောင်းကို စုံသလောက်နီးပါး တင်ပြထားပြီး ဆရာဇော်ဂျီ၏ လက်ရေးစာမူတချို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

နောက်စာအုပ်တစ်အုပ်မှာ ဆရာဇော်ဂျီ ရေးသား ပြုစုခဲ့သည့် စာစုများထဲမှ ရသစာတမ်းများကို သီးသန့်စုစည်းထားသော ‘သူတို့ညီနောင်နှင့် ကျွန်တော်’ စာအုပ် ဖြစ်ပါသည်။ နောက်ပြီး ဆရာဇော်ဂျီ၏ ပင်ကိုရေး ဝတ္ထုတိုများကို သီးသန့် စုစည်းထားသော ‘ပြည်ကြီးဘာယာနှင့် ပင်ကိုရေးဝတ္ထုတိုများ’ စာအုပ်လည်း ရှိပါသည်။ ဤ စာအုပ် ၂ အုပ်ကိုလည်း ဆရာဇော်ဂျီ့အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သော ‘စာဆိုဖေဖေ ဇော်ဂျီ’ စာအုပ်နှင့်အတူ တွဲဖက်မှာယူ ဖတ်ရှု၍ ရပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

By admin