အောင်မြင်သူဖြစ်လာနည်း လက်တွေ့အောင်မြင်ရေးနည်းလမ်းများနှင့် ကံကောင်းအောင်လုပ်နည်း

ဤစာအုပ်မှာ ကြီးပွားရေးတက္ကသိုလ်၊ စာသင်တက္ကသိုလ်နှင့် ဘ၀တက္ကသိုလ်များမှ သွန်သင်ပေးချက်များ၊ လေ့လာမှုများ၊ လက်တွေ့အသုံးချကြည့်မှုများ၏ ရလဒ်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ကျော် ၄၀နီးပါးလေ့လာမှု၊ လက်တွေ့ကျင့်သုံးမှု၏ရလဒ်လည်း ဖြစ်ပါသည်။
( အမှာမဟုတ်သော အမှာ မှ )

ကံကောင်းတဲ့သူတွေဟာ ရဲရင့်ကြပါတယ်။ လုပ်ရဲကိုင်ရဲကြပါတယ်။ ကြောက်တတ်တဲ့သူတွေဟာ သိပ်ပြီး ကြီးကြီးကျယ်ကျယ် ကံကောင်းလေ့မရှိပါဘူး။ မြန်မာစကားဖြစ်တဲ့ “ကြောက်ရင်လွဲ၊ ရဲရင် မင်းဖြစ်”ဆိုတာနဲ့ စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်နဲ့ သွားကိုက်တယ်။ လုပ်ရဲကိုင်ရဲရမယ်ဆိုပေမဲ့ အရမ်းစွတ်လုပ်တာကို ပြောတာ မဟုတ်ပါဘူး။ လုပ်ရဲကိုင်ရဲရမယ်ဆိုတာ အခွင့်ကောင်းရလာပြီဆိုရင် အဲဒီအခွင့်ကောင်းကို ခုန်ဖမ်းဆုပ်ကိုင်နိုင်အောင် ရဲဝံ့စွန့်စားတာမျိုးကို ဆိုလိုပါတယ်။
( ကံကောင်းအောင်လုပ်နည်း မှ )


မြိုပြဆိုင်ရာအာမခံလုပ်ငန်းအကြောင်းသိကောင်းစရာ

လောကကြီးမှာရှိနေတဲ့ မသေချာ မရေရာတဲ့သဘော (law of uncertainty) အရ ဆုံးရှုးပျက်စီးနိုင်မှု အလားအလာ (risk) တွေရှိနေတယ်။ ဆုံးရှုးပျက်စီးမှုတွေလည်း ရှိနေတယ်။ ဒီဆုံးရှုးပျက်စီးမှုကြောင့် ကိုယ့်စီးပွားမထိခိုက်ရအောင်လို အာမခံ၀ယ်ထားဖို လိုတယ်။ ဒါမှ ညကောင်းကောင်း အိပ်ပျော်မှာ။ နောက်တစ်ချက်က ကိုယ်က အာမခံ ၀ယ်ထားတယ်။ ပရီမီယံ ပေးလိုက်တယ်။ ကိုယ့်ပစ္စည်းက မပျက်ဘူး။ မဆုံးရှုးဘူး ဆိုရင်လည်း ကိုယ်ပေးလိုက်တဲ့ ပရီမီယံဟာ ကိုယ့်ထက် ကံနည်းလို ပျက်စီးဆုံးရှုးမှုကို ခံစားရတဲ့ ပုဂ္ဂိုလ်တွေကို ပေးလျော်ရာမှာ ပါ၀င်သွားမှာမို အာမခံ ၀ယ်ခြင်းဟာ လူမှုရေး၊ ဆောင်ရွက်ချက်တစ်ခု ဒါမှမဟုတ် အလှူဒါနတစ်မျိုးလည်း ဖြစ်ပါတယ်။
( မြိုပြဆိုင်ရာ သိကောင်းစရာ မှ )

ဒါကြောင့် အာမခံထားဖို ဆုံးဖြတ်ပြီးပြီဆိုရင် ပရီမီယံကို အမြန်ဆုံး ပေးသွင်းဖို အရေးကြီးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုံးရှုးမှု ဘယ်အချိန်မှာ ပေါ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လိုပါပဲ။ ပရီမီယံ မပေးခင် ၁၀ မိနစ် အလိုမှာပေါ်ရင် လျော်ကြေး မရနိုင်ပါဘူး။ အဲ … ပရီမီယံ ပေးပြီး (၁၀) မိနစ်အကြာမှာ ပေါ်လာရင်တော့ လျော်ကြေးရမှာ ဖြစ်ပါတယ် ဆိုတာ သတိချပ်စေချင်ပါတယ်။
( မြိုပြဆိုင်ရာ အာမခံလုပ်ငန်းများအကြောင်း သိကောင်းစရာ [၂] မီးအာမခံ မှ )

သူတစ်ပါးထိခိုက်မှု အာမခံဆိုတာက အာမခံထားသူရဲ့ မော်တော်ကားကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသွားတဲ့သူ၊ ပျက်စီးသွားတဲ့ ပစ္စည်းအတွက် လျော်ကြေးပေးတဲ့ အကာအကွယ် ဖြစ်ပါတယ်။ အာမခံထားသူ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှု၊ အာမခံထားသူရဲ့ မော်တော်ကား ပျက်စီးမှုအတွက် ဒီအာမခံအမျိုးအစားက လျော်ကြေးမပေးပါ။ ဥပမာ- အာမခံထားသူရဲ့ မော်တော်ကားတိုက်လို လမ်းသွားလမ်းလာ တစ်ဦး သေဆုံးသွားရတယ်။ အားမခံထားသူရဲ့ မော်တော်ကားလည်း ပျက်စီးသွားရတယ် ဆိုရင် လမ်းသွားလမ်းလာ သေးဆုံးမှု အတွက်ကိုသာ ဒီအာမခံ အမျိုးအစားက လျော်ကြေးပေးမှာ ဖြစ်ပါတယ်။ အာမခံထားသူရဲ့ မော်တော်ကား ပျက်စီးမှု အတွက် လျော်ကြေးပေးမှာ မဟုတ်ပါဘူး။
( မြိုပြဆိုင်ရာ အာမခံလုပ်ငန်းများအကြောင်း သိကောင်းစရာ [၃] သူတစ်ပါးထိခိုက်မှု အာမခံ မှ )

🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။

စာအုပ်မှာယူလိုပါက

Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။

Official Website- https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc

Leave a Reply

Your email address will not be published. Required fields are marked *