ကျွန်တော့်ဆွေးနွေးချက်တွေဟာ စိတ်အညွှန့်တုံး နေတဲ့လူငယ်တွေ| အောင်မြင်မှုလမ်းကြောင်းပေါ်ကို တက်လိုလျှက်နဲ့ မရောက်နိုင်သူတွေ| စိတ်သဘောသဘာဝတွေကို သိပြီး စိတ် လူလားမြောက်ချင်သူတွေ အတွက်အလိုပြည့်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
(အောင်မြင်ခြင်းစစ်စစ် မှ)
လောကမှာ အကျဉ်းအကျပ် မှန်သရွေ့ တစ်ချိန် ချိန်မှာ ထွက်ပေါက်တော့ ရှိတာချည်းပဲ။စိတ်အေးအေးနဲ့ နည်းလမ်းကြံဆရင် နည်းလမ်းကောင်းတာ ပေါ်ပေါက်လာတတ်ပါတယ်ဗျ။ ဘဝဆိုတာ ပိတ်မိနေတဲ့ ဝင်္ကပါမဟုတ်ပါဘူး။စမ်းကြည့်မယ်| အမှားကို သင်ခန်းစာယူမယ် ဆိုရင် တစ်ချိန်ချိန် မှာ ထွက်ပေါက် တွေ့ရ တာပဲ။
(လူသစ်စိတ်သစ် ကြံတိုင်းဖြစ် မှ)ကိုယ့်ကျိုး ပြည့်တယ်ဆိုမှ| ကိုယ့်ဆန္ဒ ပြည့်တယ် ဆိုမှ ပျော်ရွှင်ရတယ် ဆိုရင် ထာဝရတည်တဲ့ပျော် ရွှင်မှ ု|စိတ်ချမ်းမြေ့မှုမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကျိုး|ကိုယ့်ဆန္ဒ ဆိုတာ အဆုံးမရှိသော တစ်ခုပြည့်ပြန်ရင် နောက်တစ်ခုပေါ်နေမှာပဲ။ ဘဝအရသာကို အပြည့်အဝ ခံစားချင်ရင်|လူဖြစ်ကျိုးနပ်ချင်ရင် သူတစ်ပါးကို ငါ ဘာကူညီရမလဲ| ငါ ဘယ်လို သူတစ်ပါးကို စိတ်ချမ်းမြေ့ သွား အောင်လုပ်နိုင်သလဲ ဆိုတာတွေတွေးပါ။ ပြီးတော့ သေးဖွဲ့ချင်သေးဖွဲ့ပါစေ ဆောင်ရွက်ပါ။
(ဘဝအရသာ မှ)လေ့လာတယ်ဆိုတာ ချိန်ဆတုန်းပဲ ဖြစ်တယ်။ ဒီကာလမှာ ဘာကိုမှ အသေမယူနဲ့လို့ ပြောတာပေါ့။ လေ့လာရင်းက သေချာပေါက် သိသွားတာကျမှ ပညာရယ်လို့ဖြစ်တာ။ ဒီတော့ စာဖတ်ပါ။ စာကို ဖတ်ပြီးရင် ပြန်ပြီးစဉ်းစားတွေးတော ကြံဆ ခြင်းကို အချိန်ယူပြီးလုပ်ပါ။ ချဲ့ထွင်စဉ်းစားပါ။ မှန် မမှန်ချိန်ဆပါ။ လိုအပ်ရင် အခြားစာအုပ်ကိုဖတ်ပြီး နှိုင်းယှဉ် ဆင်ခြင်ပါ။ ဒီလိုလုပ်ရင် စာထဲက အလိမ္မာဟာ လူ့ဆီကို ရွှေ့ပြောင်း ရောက်ရှိလာပါလိမ့်လို့ ကျွန်တော် ပြောရဲပါတယ်။
(စာမှသည် လူဆီသို့ မှ)
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc