မြေငှားဂရန် လျှောက်ထားမှုများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာ ရှိများအနေနှင့် မိမိတို့၏ ယိမ်းယိုင်အားနည်းသော သုံးသပ်ဆုံးဖြတ် ဆောင်ရွက် ချက်များသည် တရားရုံးသို့ ရောက်ရှိသွားပါက မည်သို့မည်ပုံ ဖြစ်လာမည်ကို သတိပြု မိစေရန်နှင့် မြေယာစီမံခန့်ခွဲရေး ဥပဒေများနှင့် အလှမ်းဝေးနေရသည့် မျိုးဆက်သစ် လူငယ်ရှေ့နေများအတွက် မိမိတို့ လိုက်ပါဆောင်ရွက်မည့် မြို့ပြမြေယာ ဂရန်မှုခင်း များတွင် အသုံးပြုနိုင်သည့် ဥပဒေအချက်အလက်များ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ခြင်း ဖြစ်ပါသည်။
(အမှာစာ မှ)ဂရန် ဟူသည်မှာ အစိုးရက ပိုင်ဆိုင်သည့်မြေများအနက် မည်သူတစ်ဦးတစ်ယောက် ကိုမျှ ပေးအပ်ချထားခြင်း မပြုရသေးသည့် မြေတစ်ရပ်ကို လူတစ်ဦး သို့မဟုတ် တစ်ဖွဲ့သို့ ရည်ရွယ်ချက် တစ်ရပ်ရပ်အတွက် အသုံးပြုရန် စည်းကမ်းချက်များ သတ် မှတ်ကာလ၊ နှစ်ကာလ သတ်မှတ်ချက်ဖြင့် ပေးအပ်ချထားသည့် စာချုပ်စာတမ်းကို ဂရန်ဟု ခေါ်ကြပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Grant နှင့် Lease ဟူ၍ ဥပဒေက ခွဲခြားထားသော်လည်း ယခုကာလတွင် လူအများက နှစ်ရပ်လုံးကို ဂရန်ဟုပင် မြန်မာဘာသာဖြင့် ခေါ်ဆိုနေကြပါသည်။
(ဂရန်သက်တမ်း ကုန်ပြီးနောက် မှ)အပိုင်ပေးအပ်ချထားမှု စာချုပ် စာတမ်း Grant၊ အငှားပေးအပ်ချထားမှု စာချုပ် စာတမ်း Lease နှင့် လိုင်စင် Licence တို့သည်သာ ဥပဒေက အသိအမှတ်ပြုသည့် မြေပေးမိန့်အစစ်အမှန်များ ဖြစ်ပါသည်။ လူနေအိမ်ရာ အဆောက်အအုံများအတွက် ဖြစ်ပါက အငှားပေးအပ်ချထားမှု စာချုပ်စာတမ်း Lease၊ တစ်နည်းအားဖြင့် မြေငှား ဂရန်သာ မြေပေးမိန့် အစစ်အမှန် ဖြစ်ပါသည်။ မြေငှားဂရန် ရရှိထားသည်ပင် ဖြစ်လင့်ကစား အပြည့်အဝပိုင်ဆိုင်ခွင့် Absolute Ownership ကို ရရှိထားသည် မဟုတ်ဘဲ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ မြေကို အသုံးပြုခွင့် ရရှိထားခြင်းသာ ဖြစ်ပါသည်။
(တရားရုံးရောက် ဂရန်မှုများ မှ)အများပြည်သူ အမြင်တွင် ခရိုင်အုပ်ချုပ်ရေးမှူး သို့မဟုတ် ကော်လိတ္တော်
အရာရှိ က မြေငှားဂရန်ကို လက်မှတ်ရေးထိုး ထုတ်ပေးသည်ဟု ထင်မြင်ကြသော်လည်း ထိုရာထူးအဆင့်များတွင် ခန့်အပ်ခံရခြင်းကြောင့် လုပ်ပိုင်ခွင့်အာဏာ ရှိသည် မဟုတ် ဘဲ အစိုးရ၏ ကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပေးရန် ဥပဒေ ကျောထောက် နောက်ခံဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်း ကြောင့်သာ ဖြစ်ကြောင်း ကွဲပြားစွာ သိမြင်ကြရမည် ဖြစ်ပါသည်။
(ဘယ်သူက ဂရန် ပေးတာလဲ မှ)အစိုးရမြေကို ဂရန် မရှိဘဲ ခွင့်ပြုချက်မဲ့ သုံးစွဲနေခြင်းအတွက် တားမြစ်ခြင်း၊ နှင်ထုတ်ဖယ်ရှားခြင်း မခံရဘဲ တစ်ဆက်တစ်စပ်တည်း နှစ်ပေါင်းခြောက် ဆယ် ဖြစ်သွားလျှင် ထိုကာလနောက်ပိုင်း အရေးယူ ဆောင်ရွက်ပိုင်ခွင့် မရှိတော့ပါ။ ဤသို့ ဖြစ်ပေါ်လာပါက ပြည်သူအများကို ဥပဒေကို မသိလိုပါဟု ဆင်ခြေပေးခွင့် မရှိဟု ပြောနေကြသော အစိုးရ၏ကိုယ်စား မြို့ပြမြေယာ စီမံခန့်ခွဲမှု ပြုနေသည့် ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လည်း ဥပဒေကို မသိလို့ပါဟု ပြောခွင့် မရှိကြောင်း သတိပေးလိုက်ရပါသည်။
(သက်တမ်းလွန်ဂရန်နှင့် မြွက်ဟ မှ)
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc