
#Wisdom_House စာအုပ်တိုက်ကအထူးဂုဏ်ယူစွာ တင်ဆက်လိုက်သော စာအုပ်#ရွှေအိုရောင်နေ့ရက်များ#ယု၀တီကလောင်ရှင်မ၀င့်နိုင် Old is Gold (အိုမင်းခြင်းသည် ရွှေကဲ့သို့ တန်ဖိုးကြီးသည်) ဆိုသောစကားသည် အသက်ကြီးပြီး အချိန်မစီးသော လူကြီးများအတွက် မဟုတ်။ အသက်ကြီးရင့်နေချိန်တွင် ဘဝအတွေ့အကြုံများ ကုံလုံ ပြည့်ဝလျက် ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်း၊ မိမိ၏ အတွေ့အကြုံကောင်းများကို လူငယ်များထံ သင်ခန်းစာပေးလမ်းညွှန်ပြနိုင်ခြင်း၊ အခက်အခဲရှိသူများကို နှုတ်၏စောင်မခြင်းဖြင့် အကြံကောင်းဉာဏ်ကောင်းများ ပေးနိုင်ခြင်း၊ ဘာသာတရား၏ အဆုံးအမများကို လူငယ်လူရွယ်များက လိုက်နာစေခြင်း၊ မိမိကိုယ်တိုင်လည်း သမထဘာဝနာ၊ ဝိပဿနာဘာဝနာများကို ပွားများ အားထုတ်ထားသူ ဖြစ်ခြင်းတို့ကြောင့် ရွှေကဲ့သို့ တန်ဖိုးကြီးသောသူ ဖြစ်လာနိုင်ပါသည်။ ( ရွှေအိုရောင်နေ့ရက်များ သုတရသဆောင်းပါးမှ ကောက်နုတ်ချက် )ယု၀တီကလောင်ရှင်မ၀င့်နိုင် ရေးသားထားတဲ့-* ရွှေအိုရောင်နေ့ရက်များ (၁)* ရွှေအိုရောင်နေ့ရက်များ (၂)* ကိန္နရာ ချောင်းမခြားပါ* စာရိတ္တအခြေခံ ကျင့်ဝတ်မှန်* ဖိနပ်ကလေးတစ်ရန်* ပဟေဠိဆန်သော ဖြစ်ရပ်ဆန်းများ* အကြင်နာပန်းများ လန်းပါစေ* သဘာ၀အလှကို ခံစားခြင်းအနုပညာ* ကရုဏာရသ* ရုပ်ပြောင်းလဲခြင်းနှင့် စိတ်ပြောင်းလဲခြင်း* တောင်လှေကားမြို့တော် သို့မဟုတ် ဆန်ဖရန်စစ္စကို* မိခင်တစ်ဦးရဲ့ စာကလေးတစ်စောင်* ရင်နင့်နင့် ဆွေး* မေတ္တာစာတစ်ပုဒ်* အပန်းဖြေရာ ပင်လယ်ပြာ* မေတ္တာရွာကလေးဆိုတဲ့ သုတရသစာစုတွေကို စုစည်းထားတာပါ။# ဆရာမမသန်းသန်း (မန်းတက္ကသိုလ်)၊ ဆရာကြည်ရွှန်းတို့ရဲ့ အမှာစာနဲ့အတူ စာရေးသူရဲ့ သမီး ဖြစ်သူ Thitsar Nimar Nyunt ကလဲ အကြောင်းဆက်စပ်နေလို့ Golden Reflections: A Tribute to My Mother ဆိုတဲ့ အင်္ဂလိပ်ဘာသာ ဆောင်းပါးတစ်ပုဒ်လဲ ပါ၀င်ပါတယ်။ စာမျက်နှာ ၁၇၆ဝူဖရီး ၇၀ ဂရမ်၁၃ × ၂၀.၅ စင်တီတန်ဖိုး ကျပ် ၈၀၀၀
အရည်အချင်း ရှိသူမို့လို့ ‘ယုဝတီကလောင်ရှင်ဘွဲ့’ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ စာရေးသူက ရေခြားမြေခြား အတွေ့အကြုံတွေ အပါအဝင် သူ့ဘဝတစ်သက်တာ ဖြတ်သန်းမှုတွေထဲက စာဖတ်သူတွေ အကျိုးများရာများကြောင်းတွေကို ထုတ်နုတ် တင်ပြထားတဲ့ သုတရသစာစုတွေ ဖြစ်ပါတယ်။