Managing Oneself – PETER F. DRUCKER
အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်း အလုပ်ကိုင်တွေဟာ ကြိုတင်ကြံစည်ထားကြတာ မဟုတ်ပါဘူး။ လူတွေဟာသူတို့ရဲ့အားသာချက်၊ သူတို့ရဲ့လုပ်ပုံကိုင်ပုံနည်းလမ်း၊ သူတို့ရဲ့ တန်ဖိုးဆိုတာတွေကို သိတဲ့အခါ အခွင့်လမ်းတွေအတွက် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်သွားတာမို့ သူတို့တွေ ကြီးပွား တိုးတက်ကြပါတယ်။
ကိုယ်နဲ့ဆိုင်တဲ့နေရာက ဘယ်မှာလဲ
လူအတော်များများဟာ ကိုယ်လုပ်လေ့ကိုင်လေ့ရှိတဲ့နည်းလမ်းနဲ့မကိုက်ညီတဲ့နည်းလမ်းတွေ၊ အလုပ်တွေကိုလုပ်နေကြပါတယ်။ ကိုယ်နဲ့မကိုက်ညီတဲ့အလုပ်ကိုလုပ်တဲ့အခါ အလုပ်ကဖြစ်မြောက်မယ်လို့လည်း အာမခံချက်မရှိတော့ပါဘူး။ ဉာဏ လုပ်သားအတွက်ကိုယ့်အလုပ်ကို ကိုယ် ဘယ်လိုလုပ်တတ်သလဲဆိုတာက ကိုယ်ရဲ့ အားသာချက်တွေက ဘာတွေလဲ ဆိုတာထက် ပိုပြီး အရေးကြီးလှပါတယ်။
ကိုယ်က ဘယ်လိုလုပ်ဆောင်တတ်သလဲ