ထွန်းဖောင်ဒေးရှင်း စာမူဆုရ စာအုပ် (Tun Foundation Literary Award Winner Book)
နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနယ်ပယ်ကို ချဲ့ထွင်နိုင်စွမ်းသည့် ဤစာအုပ်တွင် ငွေလွှဲစာတမ်းခေါ် Letter of Credit၏ အဓိပ္ပာယ်၊ သဘောသဘာဝနှင့် လုပ်ငန်းအဆင့်ဆင့်၊ စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်များကို အပိုင်း ၂ ပိုင်းခွဲ၍ ရှင်းလင်းထားသည်။ ငွေလွှဲစာတမ်းဖွင့်ရန် လိုအပ်လျှင်ဖြစ်စေ၊ ဝယ်သူက ဖွင့်လှစ်ပေးသည့် ငွေလွှဲစာတမ်းကို လက်ခံရန်ဖြစ်စေ သိထား တတ်ထားရမည့် အချက်များ၊ ကုန်ဖိုးငွေအတွက် ဘဏ်သို့ တင်ပြသည့် စာရွက်စာတမ်းများတွင် ကွဲလွဲချက်မပေါ်အောင် သတိထားရမည့် အချက်များ၊ ကုန်ဖိုးငွေများ မကြန့်ကြာရအောင် တောင်းခံနိုင်သည့် နည်းလမ်းများကို အသေးစိတ် ရှင်းလင်းထားသည့်အပြင် နိုင်ငံတကာက လက်ခံထားသည့် The Uniform Customs and Pratice for Documentary Credits, 2007 Revision ICC Publication No. 600 (UCP)၏ မူရင်း အင်္ဂလိပ်ဘာသာနှင့် မြန်မာပြန်ဆိုချက်ကိုပါ တွဲဖက်ဖော်ပြထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၂ ခုနှစ်အတွက် ထွန်းဖောင်ဒေးရှင်းစာပေဆု (စီးပွားရေးဘာသာရပ်)ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။