ဂရန်ချထားခြင်း၊ အစိုးရမြေကို အခွင့်မရှိဘဲ လက်ရှိထားခြင်း၊ အစိုးရမြေမှ နှင်ထုတ်ခြင်း၊ အစိုးရ သီးသန့်ထားရပ်ကွက် (Civil Station) မြေများ၊ ကျေးရွာဘုံမြေ (Village Common Land) များနှင့် သူကြီးစားမြေ (Thygyisa Land) များအကြောင်း၊ မြေပိုင်ဆိုင်မှု အမျိုးအစားများ၊ ဦးပိုင် ခွဲစိတ်ပေးခြင်း၊ ဘိုးဘပိုင်မြေများ (၁-ဗ) တွင် အမည်ပြောင်းခြင်း၊ မီးလောင်မြေကွက်များ ပြန်လည်နေရာချထားခြင်း၊ အသုံးမပြုတော့သည့် မီးရထားမြေများကို အစိုးရမြေအဖြစ် ပြောင်းလဲချထားခြင်း၊ အခွန်လွတ် သာသနာမြေများ၊ ဗဒ္ဓသိမ်မြေများ ချထားခြင်း၊ မြေတိုင်း ကော်မရှင်နာ၊ စာချုပ် ကော်မရှင်နာနှင့် ပစ္စည်း ခွဲကော်မရှင်နာအဖြစ် ဆောင်ရွက်နည်းများ၊ ကျေးရွာဂရန်များ ထုတ်ပေးခြင်း စသည့် လူသိနည်းပြီး တန်ဖိုးရှိလှသည့် ရှာဖွေရ ခက်ခဲသော မြေယာလုပ်ထုံးလုပ်နည်းများကို အထက်မြန်မာပြည် မြေနှင့် အခွန်တော်စည်းမျဉ်း (Upper Burma Land and Revenue Regulation)၊ အောက်မြန်မာပြည် မြေနှင့် အခွန်တော်စည်းမျဉ်း (Lower Burma Land and Revenue Regulation)၊ အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ ဥပဒေ(Lower Burma Town and Village Land Manul)၊ မြန်မာနိုင်ငံ မြေစာရင်း လက်စွဲဥပဒေများတွင် ပြဋ္ဌာန်းထားချက်များမှ ရှာဖွေထုတ်နုတ်၍ မြေယာစီမံခန့်ခွဲရေးလုပ်ငန်း နယ်ပယ်တွင် နှစ်ပေါင်း ၄၀ ခန့် အတွေ့အကြုံရှိခဲ့သူ ပညာရှင်က ဤစာအုပ်တွင် ရေးသားပြုစုထားပါသည်။
မြေယာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ မြေယာပြဿနာများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်သည့် NGO, INGO များ၊ CSO များ၊မြေယာကိစ္စ လှုပ်ရှားတက်ကြွသူများနှင့် မြေယာလုပ်ထုံးလုပ်နည်းများကို စိတ်ဝင်တစား လုပ်ဆောင်လိုသူများ အတွက် လက်တွေ့အသုံးဝင်စေမည့် စာအုပ်။