လုပ်ငန်းလိုင်စင် မရရှိသည့်အပေါ် ဥပဒေအရ ကောက်ခံသည့် လိုင်စင်ကြေးများ၊ လိုင်စင်အသစ် လဲလှယ်ကြေးများနှင့် ရက်လွန်ကြေးများ ဟူသည့် နိုင်ငံတော်က ရရှိမည့် အခွန်အခများလည်း
မရတော့ပါ။ သို့ရာတွင် ဥပေဒပုဒ္မ ၁၄ ပါ မည်သူမျှ လိုင်စင် မရှိဘဲ ဆား သို့မဟုတ် အပိုဓာတ်ဆားကို စီးပွားဖြစ် ထုတ်လုပ်ခြင်း မပြုရ ဟူသည့် ပြဋ္ဌာန်းချက်နှင့် ယင်းပြဋ္ဌာန်းချက်အတွက် ပုဒ်မ၁၆ ပါ အောက်ပါ ပြဋ္ဌာန်းချက်အရ ကာလတစ်ခုအတွင်း တရားမဝင် ငွေပေးငွေယူများလည်း နောက်ဆက်တွဲ ပေါ်ပေါက်ခဲ့ရပါသည်။ (ဆားထုတ်မြေနှင့် လန-၃၉ မှ)
အခွန်တော်အရာရှိ တစ်ဦးက မြေတစ်ကွက်တည်းကို မြေငှားဂရန် နှစ်စောင် ထုတ်ပေးထားခြင်းအပေါ် တရားရုံးက အဆုံးအဖြတ်ပေးရန် တရားရုံးသို့ လွှဲအပ်ခြင်းအတွက် တရားရုံးက စီရင်ပိုင်ခွင့် မရှိနိုင်တော့ပါ။ ဥပဒေက အတိအလင်း တားမြစ်ထားပါသည်။ အထက်အဆင့် အခွန်တော်အရာရှိအဆင့်ဆင့်ထံ တင်ပြ ဖြေ ရှင်း ဆောင်ရွက်စေရန်သာ ဖြစ်ပါမည်။ ဤတွင် ကာယကံရှင်များက စာချွန်တော် လျှောက်ထားခြင်းဆိုင်ရာ ဥပေဒအရ ဆောင်ရွက်မှုကိုမူ မေဝဖန္လိုပါ။ ‘မြေတစ်နေ ရာတည်းတွင် ဂရန်နှစ်ခု ထပ်နေသဖြင့် တရားရုံးသို့ အဆုံးအဖြတ်ခံယူစေမည် ဆို သည်မှာ မှန်ပါသလား’ဟု မေးလာသူ ညီငယ်အနေဖြင့် ဤမျှဆိုလျှင် ပြဠာန်းထားသည့် ဥပမျေားအရ ရှင်းလင်းစွာ သိမြင်မည်ဟု ယူဆပါသည်။ (မြေတစ်ကွက် ဂရန်နှစ်ခု မှ)
ကော်မရှင်ထံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိရုံမျှနှင့် မြေလွတ်မြေရိုင်းများကို အသုံးပြုခွင့် ရရှိခြင်း မဟုတ်သည်မှာ ဥပေဒ၊ နည်းဥပဒေ ပြဠာန်းချက်များတွင် အထင်အရှား တွေ့ရမည် ဖြစ်ပါသည်။ သို့ပါလျက် အောကျခွဒေသေတခြို့တှငျ ကော်မရှင်၏ မြေအသုံးပြုခွင့် မပါရှိဘဲ ရင်းနှီး မြှုပ်နှံရန် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိရုံမျှနှင့် ယင်းခွင့်ပြုမိန့်ပါ လုပ်ငန်း လုပ်ကိုင်မည့်နေရာပြမြေပုံကို လက်ရောက် ရယူနေကြခြင်းသည် ဥပဒေနှင့် ဆန့်ကျင်နေသော ဆောင်ရွက်ချက်ဟု သုံးသပ်ရပါသည်။ (ရင်းနှီးမြှုပ်နှံမှုနှင့် မြေအသုံးပြုခွင့် မှ)