ရပ်ရွာတွင် ရောင်းဝယ်ခြင်း ပြုကြသည့်အခါ တန်ဖိုး ငွေ မတူနိုင်ပေ။ ရွာအနီးကပ်လျက်ရှိသော လယ်နှင့် ရွာနှင့် ဝေးသော လယ် ၊ အထွက်ကောင်းသောလယ်နှင့် အထွက်ညံ့သော လယ်၊ ပိုင်ဆိုင်မှု ခိုင်မာသော လယ်နှင့် ပိုင်ဆိုင် မှု မခိုင်မာသော လယ် စသည်တို့၏ ရပ်ရွာတွင် ရောင်းဝယ်ရာ၌ ပေါက်စျေး မတူညီပါ။ ထို့အတူ မြေသိမ်းလျော်ကြေး တွက်ချက်ရာတွင်လည်း မတူညီနိုင်ပါ။ (မြေသိမ်းလျော်ကြေး တွက်ချက်ခြင်း မှ)
မူလကထုတ်ပေးထားသည့် မြေငှားဂရန် သက်တမ်း ကုန်ဆုံးသွား ပြီးနောက် ယင်းအတွက် လက်ရှိ အသုံးပြုနေသူက မြေငှားဂရန် ထပ်မံလျှောက်ထားခြင်း မပြုပါက အခြားသူတစ်ဦးကလျှောက်ထားခွင့် ရှိပါသလားဟူသော အမေးပေါ်လာမည်။
မြေငှားဂရန်သည် ရာသက်ပန်မဟုတ်ပါ။ မြေငှားဂရန်သက်တမ်း ကုန်ဆုံးသွား ပါက အစိုးရက စီမံချထားပိုင်ခွင့် ရှိသော နိုင်ငံပိုင်မြေ ပြန်ဖြစ်သွားပါသည်။ သို့ဖြစ်၍ လျှောက်ထားခွင့်ရှိပါသည်။ (နှစ် ၉၀ မြေငှားဂရန် မှ)