မြေသိမ်းသည်ဟုဆိုလိုက်လျှင်ဥပဒေလောကသားတချို့အပါအဝင် လူအများက ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေကိုသာ မြင်ယောင်ကြပါသည်။ အမှန်မှာ မြေသိမ်းအက်ဥပဒေဟူသည် အများပြည်သူအတွက် Public Purpose အသုံးပြုရန် မြေလိုအပ်သည့် ကိစ္စများတွင်သာ သိမ်းယူရသည့် ဥပဒေဖြစ်ပါသည်။ ယင်းသို့အများပြည်သူကိစ္စအတွက် ဆိုသည့် စကားရပ်ကို ဥပဒေ၌ အဓိပ္ပါယ်ဖွင့်ဆိုရာတွင် အစိုးရတို့၏ ပြုမြဲအလုပ်ဖြစ်သည့်ကိစ္စရပ်များကို အများပြည်သူကိစ္စဟုဆိုခဲ့ပါသည်။ တစ်နည်းဆိုရသော် အစိုးရဟူသည် ပြည်သူ့အတွက် လုပ်ဆောင်စမြဲဖြစ်သဖြင့် အစိုးရကိစ္စရပ်အတွက် သိမ်းယူခြင်းသည် အများပြည်သူ ကိစ္စရပ်အတွက် သိမ်းယူခြင်းပင်ဖြစ်ပြီး အများပြည်သူအတွက် ဖြစ်သည်/မဖြစ်သည်ကို နိုင်ငံတော်သမ္မတက အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ (မြေသိမ်းသည်ဆိုလေတိုင်း မှ)

အစိုးရကစီမံ ခန့်ခွဲပိုင်ခွင့် ရှိသော မြေဟု သတ်မှတ်သည့် နိုင်ငံပိုင်မြေ ဟူသည်တိုင်းအား အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက စီမံခန့်ခွဲ ခွင့်ရှိပါ သလားဟု မေးလာပါလျှင် မရှိပါဟု ဖြေရပါမည် ။ တည်ဆဲဥပဒေတစ််ရပ်ရပ် အရ မိမိဌာန အား လုပ်ပိုင်ခွင့် အပ်နှင်းထားသည့် နိုင်ငံပိုင်မြေ ကိုသာ အစိုးရက စီမံခန့်ခွဲ ပိုင်ခွင့် ရှိသော မြေအမျိုးအစား အဖြစ် မှတ်ယူ၍ စီမံခန့်ခွဲ ပိုင်ခွင့် ရှိပါမည်။ (မြို့ရွာပြင်ပ စက်မှု -စီးပွားဂရန် မှ)

By admin

Leave a Reply

Your email address will not be published. Required fields are marked *