ဤစာအုပ်မှာ ကျေးဇူးကြီးမားလှသော ဆရာဦးမေဒင်အတွက် အမှတ်တရအနေဖြင့် ကျွန်တော် တုံပြန် ကျေးဇူးဆပ်လိုရာမှ ထွက်ပေါ်လာသော အသီးအပွင့် ဖြစ်ပါသည်။ ဤစာအုပ်ဖြင့် စီးပွားရေးလောကအတွက်သာမက ဥပဒေပညာရှင်များ၊ ကျောင်းသားကျောင်းသူများအတွက်ပါ တစ်စုံတစ်ရာ အတိုင်းအတာ အထိ အကျိုးရှိနိုင်တော့မည် ဖြစ်ရာ ပညာကို ချစ်မြတ်နိုးသည် နှင့်အမျှ လိုလိုလားလား ဖြန့်ဝေပေးတတ်သော ဆရာသာ သက်ရှိထင်ရှား ရှိနေသေးလျှင် ဝမ်းမြောက်ပီတိ ဖြစ်နေပေလိမ့်မည် ဟု ယုံကြည်မိပါသည်။
စီစဉ်သူ၏ ကျေးဇူးမှတ်တမ်း
(အရိပ်မိုးပေးသူသို ဦးညွှတ်ဂါရ၀ မှ)မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်အက်ဥပဒေ သော်လည်းကောင်း၊ ကုန်အမှတ်တံဆိပ်တစ်ခုကို ပိုင်ရေးဆိုင်ခွင့် ရနိုင်မည့် ဥပဒေ ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ သော်လည်းကောင်း မရှိသော်လည်း ကုန်အမှတ်တံဆိပ်များကို ရှေးဦးမဆွကပင် အသိအမှတ်ပြုခဲ့ပြီး ဥပဒေအရ အကာအကွယ်ပေးခဲ့ပါသည်။ သီးခြားဥပဒေ မရှိသော်လည်း ကုန်အမှတ်တံဆိပ်နှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်တချိုကို ပြစ်မှုဆိုင်ရာ ဥပဒေ၊ သီးခြား သက်သာခွင့် အက်ဥပဒေ၊ ပင်လယ် အကောက်ခွန် အက်ဥပဒေနှင့် မြန်မာနိုင်ငံ ကုန်စည်အမှတ်အသားများ အက်ဥပဒေတိုတွင် တွေ့ရှိရပေသည်။
(ဦးမေဒင်၏ ကုန်အမှတ်တံဆိပ် မှ)သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဦးဆောင် ရေးဆွဲနေတဲ့ မူပိုင်ခွင့် ဥပဒေသစ် လေးရပ်ထဲ အပါအဝင် ဖြစ်တဲ့ ကုန်အမှတ်တံဆိပ် ဥပဒေတစ်ရပ်ကို မကြာခင် ပြဋ္ဌာန်းနိုင်တော့မယ့် အနေအထား ရောက်လာပါပြီ။ အဲဒီဥပဒေသစ်တွေအရ မြန်မာနိုင်ငံ မူပိုင်ခွင့်ရုံး၊ မူပိုင်ခွင့်တရားရုံးနဲ့ မူပိုင်ခွင့် တရားသူကြီးတွေလည်း သတ် သတ်မှတ်မှတ် ပေါ်ပေါက်လာပါတော့မယ်။
{ ဦးသန်းမောင် (စစ်တွေ) ၏ ကုန်အမှတ်တံဆိပ် အခြေခံ မှ }ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်သင့်ပါလျက် မတင်ဖြစ်လိုကတော့ ကိုယ့်ထုတ်ကုန်ကို ကြော်ငြာတဲ့နေရာ၊ မားကက်တင်း လုပ်တဲ့နေရာမှာ ရင်းနှီးမြုပ်နှံထားရတာ အလာဟသ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်က မှတ်ပုံမတင်တော့ ဥပဒေက ပေးတဲ့ အကာအကွယ် မရနိုင်တော့ပါဘူး။ ဒီတော့လည်း ပြိုင်ဘက် ကုမ္ပဏီ တွေက ကိုယ့်လို ပစ္စည်းမျိုးတွေ ထုတ်လုပ်တဲ့အခါ ကိုယ် သုံးတဲ့ ကုန်အမှတ်တံဆိပ်နဲ့ ခပ်ဆင်ဆင်ကိုပါ သုံးရင် ကိုယ့်မှာ အလွန် နစ်နာပါလိမ့်မယ်။
{ ဦးမောင်မောင် (မော်ကျွန်း) ကုန်အမှတ်တံဆိပ် မိတ်ဆက်နိဒါန်း မှ }
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc